စိုးရိမ်ပူပန်မှုကို ဖြေရှင်းနည်း (၃)နည်း

play

၁ - ဘာကိုစိုးရိမ်နေတာလဲ ဆိုတာကို တိတိကျကျမသတ်မှတ်နိုင်သေးသရွေ့ စိုးရိမ်ပူပန်မှုက ဒုက္ခပေးနေပါမယ်
play

ဖြေရှင်းနည်း - ဖောက်သည်တစ်ယောက်က ဖုန်းဆက်ပြီးမကျေနပ်ချက်ပြောသလို စိုးရိမ်ပူပန်မှုကိုဆက်ဆံပါ။ သူအော်တိုင်း ကိုယ်ကပြန်အော်လို့မရပါဘူး။ လောလောဆယ်တောင်းပန်ထားပြီး ပြဿနာရဲ့ရင်းမြစ်က ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ သူဘာကိုမကျေနပ်မှုတွေဖြစ်ပြီး ဘာကိုအဓိကပြောချင်နေတာလဲဆိုတာကို မြင်အောင်ကြည့်ပါ။
၂ - မသိချင်ယောင်ဆောင်လေ ဒုက္ခပေးလေ
play

ဖြေရှင်းနည်း -  ထားလိုက်ပါ ပြီးသွားမှာဆိုတဲ့စကားက မမှန်ပါဘူး။ သူ့ကို ဂရုမစိုက်လေ စိုးရိမ်မှုတွေများပြီး အမှားတွေ ပိုလုပ်လေပါပဲ။ အတင်းဖိသိပ်ပြီး မသိချင်ယောက်ဆောင်မယ့်အစား ပုန်းနေတဲ့ရန်သူကို မြင်ကွင်းထဲရောက်လာအောင် အရင်ကြည့်ပါ။ လုံးဝအကောင်းတိုင်းပြန်ဖြစ်မယ့်အခြေအနေ မရှိဘူးဆိုရင် ဒီအခြေအနေကို မြန်မြန်ဆန်ဆန်လက်ခံလိုက်ပါ။ နောက်တော့ ကိုယ့်အသက်သာဆုံးဖြစ်မယ့်နည်းနဲ့ ဖြေရှင်းဖို့ အစီအစဉ်ချပါ။
၃ - ခန္ဓာကိုယ်ကို ထိခိုက်လာပါမယ်
play

ဖြေရှင်းနည်း - ဗိုက်ထဲမှာ ပူလာမယ်၊ ရင်ဘတ်တွေအောင့်လာမယ် ၊ သွေးတိုးလာမယ်၊ စိုးရိမ်ပူပန်မှုများရင် ဒါတွေဖြစ်လာပါမယ်။ စိုးရိမ်တာကြောင့်ဖြစ်တာပဲ  စိုးရိမ်မှုပျောက်သွားရင်  ဒီပြဿနာတွေက ပြီးသွားမှာဆိုပြီး ပြစ်မထားပါနဲ့။ ဆေးခန်းသွားဖို့လိုရင် သွားသင့်ပါတယ်။
Source: Huffignton
Photos Source: Huffignton, Ebact  Credit :duwun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.