Breaking News

သင့်အတွက် ၂၀၁၇ဟာ ပိုကောင်းတဲ့နှစ်တစ်နှစ် ဖြစ်စေဖို့အတွက်ဆိုရင်



၂၀၁၆ခုနှစ်ဟာ သင့်အတွက် အကောင်းဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့ပါသလား။ မဖြစ်ခဲ့ဘူးဆိုရင်လည်း လာမယ့် ၂၀၁၇ကို ၂၀၁၆ထက် ကိုယ့်အတွက် ပိုကောင်းတဲ့နှစ်တစ်နှစ်ဖြစ်အောင် သင့်အနေနဲ့ကြိုးစားလို့ရပါတယ်။ အသစ်အသစ်တော့ အကျင့်တွေကို မွေးမြူးရင်း ကျန်းကျန်းမာမာနဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ရင်း ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ၂၀၁၇ခုနှစ်အတွင်း ပိုမိုတည့်မတ်အောင် လျှောက်လှမ်းသွားနိုင်အောင် ကြိုးစားရုံပေါ့။ ဒီတော့ ၂၀၁၇ကို ရှေ့နှစ်တွေထက် ပိုမိုထူးခြားပျော်ရွှင်စရာ နှစ်တစ်နှစ်ဖြစ်အောင် အောက်ကအချက်ကလေးတွေအတိုင်း ပြုမူလုပ်ဆောင်သွားရုံပါပဲ။

၁။ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဆုံဖြစ်အောင် ကြိုးစားပါ။ တစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် နှစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် တစ်လတစ်ခါတော့ အနည်းဆုံးတွေ့နိုင်အောင် လုပ်ပါ။

၂။ ကျန်းမာရေးအတွက် အချိန်ပေးပါ။

၃။ တစ်နေ့တာလုပ်ဆောင်ဖြစ်တဲ့ အရာတွေကို အမြဲပြန်တွေးပါ၊ စိန်ခေါ်မှုတွေကို လက်ခံပြီး ဒီအဆင့်ကိုအောင်မြင်စွာ ဖြတ်ကျော်ကြည့်ပါ။

၎။ ကိုယ့်ကိုကိုယ် အနားပေးဖို့ လိုလာပြီဆိုတာသိရင် နားလိုက်ပါ။ အတင်းဇွတ်ဖိပြီး အလုပ်မလုပ်ပါနဲ့။

၅။ အဖေ၊ အမေ၊ မိသားစုဝင်တွေနဲ့ မကြာခဏဖုန်းပြောပါ၊ တွေ့ဆုံပါ။

၆။ ဖိတ်ထားတဲ့ ပွဲတွေ၊ ပါတီတွေ သွားနိုင်သမျှသွားပေးပါ။

၇။ ကိုယ်ဝါသနာပါတဲ့အရာကို မစွန့်လွှတ်ပဲ အမြဲလုပ်ဆောင်ပါ။

၈။ ဒီနှစ်အတွက် သင်ပြီးမြောက်အောင် လုပ်ဆောင်မယ့်အရာတွေက ဘာတွေဆိုတာ သေချာစဉ်းစားပါ။

၉။ စာအုပ်တွေဖတ်ပါ။ သင်တန်းတက်တာလည်း ကောင်းပါတယ်။

၁၀။ ခရီးတွေ ထွက်ဖြစ်အောင် ကြိုးစားပါ။

၁၁။ စိတ်ဖိစီးမှုလျှော့ချနိုင်တဲ့ နည်းလမ်းလေးတွေ အမြဲမှတ်သားလုပ်ဆောင်ပါ။

၁၂။ လူသစ်တွေနဲ့ မိတ်ဆွေဖွဲ့ပါ။

၁၃။ လူမှုရေးအသင်းအဖွဲ့တွေမှာ ပါဝင်ပြီး လုပ်ဆောင်ပါ။

၁၄။ တစ်ပတ်တစ်ခါ ပြီးမြောက်အောင် လုပ်ဆောင်ရမယ့်အရာတွေကို စာရင်းလုပ်ထားပါ။

၁၅။ ကိုယ့်ကို စိတ်ဒုက္ခပေးတဲ့ လူတွေကို ဘ၀ထဲက ထုတ်ပစ်ပါ။

၁၆။ ဆိုရှယ်မီဒီယာအသုံးပြုချိန်တွေကို တတ်နိုင်သလောက် လျှော့ပစ်လိုက်ပါ။

၁၇။ ပျော်ရွှင်နေတဲ့အချိန်တိုင်းကို အမှတ်တရ ဗီဒီယို၊ ဓာတ်ပုံတွေ ရိုက်ကူးယူထားဖို့ မမေ့ပါနဲ့။

၁၈။ ၂၀၁၆ အတွက် ပြောင်းလဲချင်တဲ့အရာတွေကို မှတ်သားပြီး ၂၀၁၇မှာ ဒါတွေကို ပြီးမြောက်အောင် ဆက်လက်လုပ်ဆောင်ပါ။

Credit :Trend Myanmar