Breaking News

ကြီးထွားချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လက်နဲ့နှိပ်ပြီး ပြုပြင်ပေးတဲ့ သင်းအုပ်ဆရာ နာမည်ကြီးနေ

play

လက်နဲ့ နှိပ်နယ်ပေးရုံဖြင့် ရင်သားနဲ့ တင်ပါးတို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ကြီးထွားလာစေမယ်လို့ ကြေညာထားတဲ့ သင်းအုပ်ဆရာတစ်ယောက်ထံမှာ နေ့စဉ်လာရောက်ကုသသူ များပြားလျက်ရှိကြောင်း သိရပါတယ်။
ဂါနာနိုင်ငံအတွင်းမှာရှိတဲ့ အဆိုပါသင်းအုပ်ဟာ သူ့ရဲ့လက်နဲ့ နှိပ်နယ်ပေးရုံနဲ့ မွေးရာပါ အမျိုးသားအင်္ဂါသေးငယ်သူတွေ ပုံမှန်ထက်ကြီးထွားလာစေမယ်လို့ နာမည်ကြီးနေသူဖြစ်ပါတယ်။ အိုဘီနင်လို့ခေါ်တဲ့ အဆိုပါဘုန်းတော်ကြီးရဲ့အခန်းမှာ နေ့စဉ် အမျိုးသားကျန်းမာရေးကိစ္စအတွက် လာရောက်ကုသသူ အမျိုးသားတွေလည်း များပြားလျက်ရှိကြောင်း သိရပါတယ်။
play

အဆိုပါ ဘာသာရေးသင်းအုပ်ဆရာအိုဘီနင်ကတော့ သူ့အနေနဲ့ ရင်သားကြီးချင်တဲ့ အမျိုးသမီးတွေကိုပါ ကုသနိုင်စွမ်းရှိကြောင်း ပြောထားပါတယ်။ " ခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကို မကြိုက်ဘူးဆိုရင် ကျုပ်ဆီသာ လာခဲ့လိုက်။ ရင်သား ကြီးချင်တာလား၊ အမျိုးသားငယ်ပါ သေးကွေးနေတာလား၊ ဒါတွေအားလုံး ကျုပ်ပြောင်းလဲပေးနိုင်တယ်" လို့ အိုဘီနင်က ရုပ်သံတီဗွီကတစ်ဆင့် ပြောထားတာ ဖြစ်ပါတယ်။
ှSource : Metro  Credit :duwun