နှလုံးရောဂါသည်ခင်ပွန်းကို ချစ်တင်းနှောနေစဉ်သေဆုံးမှာ စိုးရိမ်နေတဲ့ ထိုင်း အပြာ မင်းသမီးဟောင်း

Nong Nat

ထိုင်း နိုင်ငံရဲ့ အထင်ကရအပြာမင်းသမီးဟောင်းတစ်ယောက်ဖြစ်တဲ့ Nong Nat အသက် 31 နှစ်ဟာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အပြာဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်ခဲ့လို့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ထောင်ထဲမှာ နေစဉ်အတွင်း ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့ပြီး ဘာသာရေးကို အထူးလိုက်စားခဲ့တယ်လို့ သိရပါတယ်။
သူမဟာ 2012 ခုနှစ်မှာ အမေရိကန် ဗိသုကာပညာရှင် သန်းကြွယ်သူဌေးကြီးဖြစ်တဲ့ Harold Nesland Jr နဲ့ အကြောင်းဆက်ခဲ့ပြီးနောက် သူဌေးကတော်ဘ၀ကို နေ့ချင်းညချင်း ရောက်သွားခဲ့သူ ဖြစ်ပါတယ်။ အသက်အရွယ် 40 လောက် ကွာခြားပေမယ့် ၎င်းတို့ရဲ့ အချစ်ရေးဟာ လူငယ်တွေ ပြိုင်လို့ မနိုင်တဲ့ အချစ်ရေးဖြစ်တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ Nat အနေနဲ့ သူမရဲ့ ခင်ပွန်းသည်ဟာ Harold ဟာ နှလုံးရောဂါ အခံရှိသူဖြစ်ပြီး၊ အသက်အရွယ်အရ၎င်း ရောဂါရဲ့သက်ရောက်မှုအရ၎င်း ဒီလိုအခြေအနေမှာ ချစ်တင်းနှောရင် အသက်အန္တရယ်စိုးရိမ်ဖွယ်ရာ အနေအထားဖြစ်ပါတယ်။ Nat က ဒီအချက်ကို စိုးရိမ်နေပြီး သူမရဲ့ ခင်ပွန်းသည်နဲ့ အသက်ရှင်သမျှ လူ့လောကမှာ အကြာကြီး ဆက်
နေချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။Nong Nat
Harold ဟာ Nat ကို ဇနီးမယားအဖြစ် လက်ထပ်ထားပေမယ့် လစဉ် သီးသန့်ပိုက်ဆံ ထောက်ပံ့မှုတွေပြုလုပ်ပေးပါတယ်။ သူမဟာ နိုင်ငံမျိုးစုံက လူမျိုးစုံနဲ့ အလုပ်သဘောအရ ချစ်တင်းနှောခဲ့တဲ့ အကြိမ်အရေအတွက် များခဲ့ပေမယ့်၊ သူမကို သာယာမှု ပေးနိုင်တာကတော့ Harold သာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် ရောဂါအခံရှိတဲ့ Harold အတွက်တော့ စိုးရိမ်စိတ်က တားမရဘူးလို့ Nat က ဆိုပါတယ်။Nong Nat

Nat ကို Nat Chanapa လို့လည်း လူတွေ သိကြပါသေးတယ်။ သူမက ” ကျွန်မတို့ လက်ထပ်ပြီးကတည်းက ကျွန်မတို့ချင်း ချစ်တင်းနှောခဲ့ပါတယ် … ဒါပေမယ့် မကြာခဏတော့ မဟုတ်ပါဘူး … သူက နှလုံးရောဂါအတွက် ဆေးတွေ
သောက်နေရတယ်လေ … ကျွန်မ သူ မရှိတော့မှာကို အလွန်ကြောက်ပါတယ် “လို့ ပြောခဲ့ပါတယ်။
Harold ဟာ သူ့ရဲ့ ငွေမှန်သမျှကို ဘဏ်မှာ Nat အတွက် 50/50 ခွဲထားပေးပြီး၊ သူတို့ ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်က အစားအစားဖို့ အကုန်အကျခံရင်၊ တစ်ယောက်က သောက်စရာအတွက် အကုန်ကျခံဖို့ အဆင်သင့်ဖြစ်
တယ်လို့ ဆိုပါတယ်။ Nat က လွန်ခဲ့တဲ့ နှစ်လကျော်လောက်တုန်းက ဗုဒ္ဓတရားတွေကို ဆည်းပူးအားထုတ်ခဲ့လို့ သူမက ကံကောင်းလာတာဖြစ်ကြောင်း၊ ဒါကြောင့်မို့ ယခုလို ယောက်ျားကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရတာဖြစ်ကြောင်း ဖွင့်ဟခဲ့ဖူးပါတယ်။

Credit:Shwemom

source : thesun.co.uk



Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.