မလုံမလဲမော်ဒယ်တွေထက် လူကြားထဲ ကလေးနို့တိုက်တာက ပိုပြီး ရှက်စရာကောင်းနေသလား



ပူပူနွေးနွေး မိခင်ဖြစ်လာတဲ့ Victoria's Secret မော်ဒယ် ကန်ဒစ်ဆွန်းနီပိုလ်ဟာ လူကြားထဲ ကလေးနို့တိုက်ဖို့အတွက် သူမအတွက် ခက်ခဲကြောင်းကို သူမရဲ့အလုပ်နဲ့ ဆက်စပ်ပြီး အင်စတာဂရမ်ကနေ အတွေးတစ်ခုကို မျှဝေခဲ့တာဖြစ်ပါတယ်။
သူမရဲ့သားငယ်လေး နို့စို့နေတဲ့ အဖြူအမည်းဓာတ်ပုံနဲ့အတူ ကန်ဒစ်က သူမရဲ့အမြင်ကို အခုလို ရေးသားခဲ့ပါတယ်။

"အခုခေတ်မှာ အမျိုးသမီးအများအပြားက လူကြားထဲမှာ ကလေးကို နို့တိုက်ဖို့ ရှက်ကြတယ်။ အများပိုင်နေရာတွေမှာ နို့တိုက်ရင်လည်း မောင်းထုတ်ခံရတယ်" လို့ သူမက ရေးထားပါတယ်။
အပေါ်ပိုင်းဗလာနဲ့ မော်ဒယ်ပုံတွေကို နေရာအနှံ့အပြားမြင်တွေ့ရပြီး ကလေးကို နို့လှန်တိုက်တာကိုတော့ ရှက်စရာအဖြစ် မြင်တွေ့နေတာကိုလည်း သူမက နားမလည်နိုင်ဖြစ်နေပါတယ်။
play

"အများပိုင်နေရာတွေမှာ ကျွန်မကလေးကို နို့တိုက်ဖို့အတွက် ရှက်ပြီး ရင်သားကို ဖုံးကွယ်ဖို့ လိုတယ်လို့ ခံစားအောင် လုပ်ခံနေရပေမဲ့ ထူးဆန်းတာက အနုပညာဆိုပြီး ကျွန်မရိုက်ကူးခဲ့တဲ့ အပေါ်ပိုင်းပုံတွေကျတော့ ဘယ်လိုမှ မခံစားခဲ့ရဘူး" လို့ သူမက ရေးသားခဲ့ပါတယ်။
"မိခင်နို့တိုက်ခြင်းက လိင်စိတ်နဲ့ မဆိုင်ပါဘူး။ ဒါက သဘာဝပါ။ ကိုယ့်ကလေးကိုယ် လူကြားထဲ နို့တိုက်တာကို မှားတယ်လို့ ခံစားနေရသူတွေအနေနဲ့ မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်နဲ့ ကလေးမှာ ဘယ်လိုအကျိုးကျေးဇူးတွေရရှိတယ်ဆိုတာ သိရှီအောင်လုပ်ဖို့ လိုအပ်နေပြီ" လို့လည်း သူမက ရေးသားထားပါတယ်။
play

ကန်ဒစ်ဟာ ခင်ပွန်းလောင်း ဟာမန်နီကိုလိုင်နဲ့ ရရှိခဲ့တဲ့ နှစ်လသားအရွယ် သားလေးရဲ့ ဓာတ်ပုံတွေအတော်များများကို အင်စတာဂရမ်ကနေ မျှဝေထားပြီး သူမရဲ့မိခင်ဘဝအပေါ် စိတ်ကျေနပ်နေတာကို မြင်တွေ့ခံစားရပါတယ်။
တောင်အာဖရိကမော်ဒယ် ကန်ဒစ်ဟာ မော်ဒယ်လုပ်ငန်းကိုလည်း ပြန်လည်လုပ်ငန်းစနေပြီး သူမရဲ့ဆက်စီဓာတ်ပုံရိုက်ကူးမှုတွေကို ပြန်လုပ်ဖို့ အချိန်ခဏတောင် မဖြုန်းတီးခဲ့ပါဘူး။ မီးဖွားပြီးခါစဖြစ်ပေမဲ့လည်း ကန်ဒစ်ဟာ ခါတိုင်းလိုပဲ ဆွဲဆောင်မှုကောင်းနေတုန်းပါပဲ။
Source & Photos : eonline


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.