Breaking News

အပျိုစင်ဘဝကို ရောင်းချနေတဲ့ မိန်းကလေးအား ဒေါ်လာ ၂ သန်းနဲ့ ကမ်းလှမ်းသူရှိ

play

အသက် ၁၈ နှစ်အရွယ် အတွင်းခံမော်ဒယ်မလေးဟာ သူမရဲ့အပျိုစင်ဘဝကို ဈေးအမြင့်ဆုံးပေးနိုင်သူအားရောင်းချမယ်လို့ ဆိုခဲ့ပြီးတဲ့နောက် သူဌေးတစ်ဦးက ပေါင် ၁.၇ သန်း (ဒေါ်လာ ၂.၁ သန်းကျော်) နဲ့ ကမ်းလှမ်းလာတယ်လို့ ဆိုပါတယ်။
ရိုမေးနီးယားနိုင်ငံ၊ ဘူချာရက်စ်မှာနေထိုင်တဲ့ အလက်ဇန္ဒယားခက်ဖရန်ဟာ သူမရဲ့အစီအစဉ်ကို ကြော်ငြာချိန်ကစလို့ ကမ်းလှမ်းမှုတွေ တပုံတပုံရောက်လာတယ်လို့ ဆိုပါတယ်။
play

မိဘကို အိမ်ဝယ်ပေးဖို့ သူမရဲ့အပျိုစင်ဘဝကို ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ သူမရဲ့မိဘတွေကတော့ အဲဒီလိုလုပ်ရင် သမီးအဖြစ်က စွန့်လွှတ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ဒါပေမဲ့ သူမရဲ့အကြံအစည်ကို လက်မလျှော့ဘဲ Cinderella Escorts အေဂျင်စီနဲ့ ပူးပေါင်းပြီး လေလံတင်လိုက်တာဖြစ်ပါတယ်။
play

ယခုအချိန်အထိ အများဆုံး ကမ်းလှမ်းမှုအဖြစ် ဒေါ်လာ ၂ သန်းကျော် ရရှိထားပေမဲ့ အပြီးသတ်ရွေးချယ်ဆုံးဖြတ်မယ့် ဖေဖော်ဝါရီလမတိုင်ခင်မှာ ဒီထက်ပိုများတဲ့ ကမ်းလှမ်းတွေရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ဒါပေမဲ့ သူမရွေးချယ်တဲ့နေရာမှာ ငွေတစ်ခုတည်းတော့ ကြည့်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
play

"ဂျာမနီက ဟိုတယ်တစ်ခုကိုသွားမယ်။ ညစာစားမယ်။ ပြီးရင် လုပ်ငန်းစမှာပေါ့" လို့ အလက်ဇန္ဒယားက ပြောခဲ့ပါတယ်။
Source & Photos : the Sun   Credit :duwun