ညဥ့်နက်သန်းခေါင် အဆာပြေစာ စားရင် သတိထား

play

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ကြွက်တွေကို အုပ်စုနှစ်ခုခွဲပြီး စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှုအရ ပုံမှန်အိပ်ချိန်မှာ အစာကျွေးခဲ့တဲ့ အုပ်စုက သာမန်အုပ်စုထက် မှတ်ဉာဏ်လျော့နည်းတာကို တွေ့ရပါတယ်။
play

ပုံမှန် အိပ်ချိန်မှာ အစားအစာ စားခြင်းက ကျန်းမာရေး ထိခိုက်စေနိုင်ပြီး ကိုယ်ခန္ဓာမှာ သကြားဓာတ် ပမာဏ မြင့်တက်စေကာ နောက်ဆက်တွဲအဖြစ် ဆီးချိုနဲ့ နှလုံးရောဂါတွေ ဖြစ်စေနိုင်တာကို ယခင်ကတည်းက သိထားကြပြီး ဖြစ်ပါတယ်။
play

ဒါပေမဲ့ ဦးနှောက်ရဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နိုင်တာကို ကယ်လီဖိုးနီးယား တက္ကသိုလ်ရဲ့ သုတေသနအသစ်က တွေ့ရှိခဲ့တာပါ။
play

ယခု တွေ့ရှိချက်က ညဘက် အလုပ်လုပ်ရသူတွေအတွက် အရေးပါတဲ့ တွေ့ရှိချက်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။
Source & Photo: Daily Mail, BBC   Credit :duwun 
Share on Google Plus

About Myanmar Magazine