အိပ်ရေးမဝဘဲ ကားမောင်းတာ အရက်မူးပြီး မောင်းတာနဲ့အတူတူပင်ဖြစ်



တစ်ညကို အနည်းဆုံး ၇ နာရီကနေ ၉ နာရီလောက်ကြာအောင် အိပ်ပေးသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်လက်ခံထားကြပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေ အိပ်ချိန်ပိုလိုအပ်ပြီး တစ်နေ့ နှစ်ကြိမ် အိပ်သင့်တယ်လို့တောင် တချို့သူတွေ အကြံပြုကြပါတယ်။

အိပ်စက်ခြင်းနဲ့ပတ်သက်ရင် ကျွန်ုပ်တို့အတော်များများ ဒီသတ်မှတ်ချက် မပြည့်မီကြပါဘူး။ အဆင်မပြေဖြစ်ရုံမက အန္တရာယ်လည်း များပါတယ်။ ၁ -၂ နာရီလေး အိပ်ရေးပျက်ခြင်းက ယာဉ်မောင်းတဲ့အခါ ယာဉ်တိုက်မှုအန္တရာယ် နှစ်ဆဖြစ်ပွားစေကြောင်း American Automobile Association (AAA) ရဲ့ပြောဆိုချက်အရ သိရပါတယ်။

အနည်းဆုံးသတ်မှတ်ထားတဲ့ အိပ်ချိန်ထက် ၂ နာရီလျှော့နည်းပါက အရက်မူးယာဉ်မောင်းတစ်ဦး မခြားမနားပါပဲ။ ကားမောင်းရင် အိပ်ရေးပျက်လို့ လုံးဝမရဘူးပါလို့ AAA Foundation ယာဉ်အန္တရာယ်ကင်းရှင်းရေး အမှုဆောင်ဒါရိုက်တာ ဒေါက်တာ David Yang က ပြောဆိုခဲ့ပါတယ်။ ၅ နာရီ မအိပ်တဲ့ ယာဉ်မောင်းတစ်ယောက်ဟာ အရက်မူးရင်း ယာဉ်မောင်းတဲ့သူတစ်ဦးနဲ့အပြိုင်ကို ယာဉ်တိုက်မှု အန္တရာယ် ရင်ဆိုင်နေရပါတယ်။

အမေရိကမှာ ယာဉ်မောင်း ၃၅% ဟာ တစ်ည ၇ နာရီထက် မအိပ်ကြဘူးလို့ AAA ရဲ့ စစ်တမ်းအရ သိရပါတယ်။ စိုးရိမ်စရာကောင်းတာက ယာဉ်မောင်း ၃ယောက်မှာ ၁ယောက်က မျက်လုံးမနည်း ကြိုးစားဖွင့်ပြီး ယာဉ်မောင်းနေရတယ်လို့ ဝန်ခံပြောဆိုခဲ့ကြပါတယ်။


Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.