Breaking News

ပင်လယ်ဓားပြဇာတ်ကားတွေထဲ ပြန်လည်ဝင်ရောက်လာတဲ့ ကီရာနိုက်တလေ

play

၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Pirates Of The Caribbean ဇာတ်ကားတွေနဲ့ ကမ္ဘာကျော်လာခဲ့တဲ့ ကီရာနိုက်တလေဟာ ၂၀၁၇ မှာ ထွက်ရှိမယ့် ပဉ္စမမြောက် Pirates ဇာတ်ကားမှာ ပြန်လည်ပါဝင်မယ်လို့ သိရပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ On Stranger Tides မှာတုန်းကတော့ ကီရာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
play

ရှေ့နှစ်မှာထွက်ရှိမယ့် Dead Men Tell No Tales ဇာတ်ကားမှာ ကီရာက ပြန်လည်ပါဝင်ထားပြီး ရိုက်ကူးရေးကိုလည်း သြစတြေးလျနိုင်ငံ ကွင်းစ်လန်းက Gold ကမ်းရိုးတမ်းမှာ လျှို့ဝှက်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ သူမက ဒီဇာတ်ကားမှာ ဇာတ်ရုပ်များများစားစားတော့ နေရာမရပါဘူး။ ဇာတ်သိမ်းပိုင်းမှာမှ ရှေ့ကားအတွက် အမြည်းသဘောမျိုး အစပျိုးပြီးပဲ ပါဝင်ထားတာပါ။ Pirates Of The Caribbean ဆဌမမြောက်ဇာတ်ကားမှာတော့ သူမက အဓိကဇာတ်ကောင်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။
Source : TooFab 

Credit :duwun