Breaking News

ဒေါသထွက် အလွယ်ဆုံး ရာသီဖွား (၄) မျိုး



လူတိုင်းမှာ ပုံမှန်ထက် ပိုဒေါသထွက်ရတဲ့နေ့တွေ ရှိကြပါတယ်။ ကော်ဖီဖိတ်ကျလို့၊ ပရင်တာမှာ စာရွက်လေးညပ်သွားလို့ စတဲ့ အသေးအမွှားကိစ္စလေးတွေကြောင့် တစ်နေ့တာလုံး စိတ်ပျက်ရတဲ့အချိန်တွေ ရှိကြမှာပါ။ တခါတလေ အိပ်ရေးမဝလို့ ဒါမှမဟုတ် နေ့လယ်စာ မစားအားသေးလို့ အလိုလိုဒေါသထွက်သူတွေလည်း ရှိကြပါတယ်။ ဒီလိုနေ့မျိုးတွေ ဖြတ်သန်းတဲ့အခါ ဘာမဆို ဒေါသဖြစ်စေတာ ချည်းပါပဲ။ တချို့နေ့တွေဟာ လူတစ်ယောက်အတွက် ကံမကောင်းတဲ့နေ့တွေလို့ အများစု လက်ခံနိုင်ကြပေမယ့် အချို့လူတွေကတော့ သူများထက်ကို ဒေါသထွက်လွယ်တဲ့ အကျင့်လေးတွေ ရှိကြပါတယ်။ အဲ့ဒီလို ဒေါသထွက်တာ အမြန်ဆုံးနဲ့အလွယ်ဆုံး ရာသီဖွား (၄)မျိုးကို ပြောပြရရင်

၁။ မိသ ရာသိဖွား Aries (မတ် ၂၁ - ဧပြီ ၁၉)

မိသ ရာသီဖွားတွေဟာ စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ပြီး ရန်မူကြတယ်လို့ သိထားရပါတယ်။ နိုင်လိုစိတ်ပြင်းပြပြီး စိတ်ပျက်လွယ်ကြပါတယ်။ ပဋိပက္ခတွေ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတဲ့အခါ ဒေါသနဲ့ တုံ့ပြန်တတ်သူတွေဖြစ်ပါတယ်။

၂။  ကရကဋ်ရာသီဖွား Cancer (ဇွန် ၂၁ - ဇူလိုင် ၂၂)

Cancer တွေဟာ စိတ်လှုပ်ရှား ထိခိုက်လွယ်ကြပါတယ်။ သူတို့တွေ ဒေါသထွက်ဖို့ သိပ်မခက်ပါဘူး။ ကရကဋ်ရာသီဖွားတွေ အဆိုးမြင်တတ်ပြီး သံသယစိတ်တွေ ကိန်းအောင်းကြပါတယ်။ လက်တွဲဖော် သို့မဟုတ် သူငယ်ချင်းတွေနဲ့ အငြင်းပွားနေစဉ် ဝုန်းဒိုင်းကြဲပေါက်ကွဲ လေ့ရှိပါတယ်။

၃။ သိဟ်ရာသီဖွား Leo (ဇူလိုင် ၂၃ - သြဂုတ် ၂၂)

သိဟ်ရာသီဖွားတွေ စိတ်တည်တည်ငြိမ်ငြိမ် မနေတတ်ကြပါဘူး။ မျက်စိနောက်စရာကောင်းပြီး စိတ်ပြင်းပြကြပါတယ်။ အသေးမွှားဆုံး ကိစ္စတွေကစလို့ သူတို့ကို ဒေါသထွက်စေနိုင်ပါတယ်။

ဥပမာ - သူငယ်ချင်းတစ်ယောက်ယောက် သူဆီက အကျီင်္ငှားပြီး မဆိုစလောက်လေး အစွန်းအထင်းလေးတစ်ခုနဲ့ ပြန်ပေးပါက အော်ဟစ်စကားများတတ်တာ သိဟ်ရာသီဖွားတွေပါပဲ။

၎။  ဗြိစ္ဆာရာသီဖွား Scorpio (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁)

ဗြိစ္ဆာရာသီဖွားတွေဟာ မိမိကိုယ်ကိုယ် ငါသိငါတတ်သမားတွေဖြစ်ပြီး စိတ်ပြောင်းလွယ်သူတွေ ဖြစ်ကြပါတယ်။ အစစအရာရာ သူတို့စိတ်တိုင်းကျ မဖြစ်တဲ့အခါ ပေါက်ကွဲတတ်ကြပါတယ်။ ဗြိစ္ဆာရာသီဖွားတွေ ဝုန်းဒိုင်းကြဲတတ်တဲ့အကျင့်ရှိသလို ကျယ်လောင်စွာအော်ဟစ်ပြီး ပစ္စည်းတွေ ရိုက်ချိုးဖျက်ဆီးတတ်ကြပါတယ်။


Credit :Trend Myanmar