Breaking News

ဖယောင်းနဲ့ နှုတ်ခမ်းမွှေးနှုတ်တဲ့အခါ သတိထားရမယ့်အချက်



နှုတ်ခမ်းပေါ်က အမွှေးကို ဖယောင်းနဲ့ အမွှေးချွတ်တာမျိုးကို အမျိုးသမီးအများစု ပြုလုပ်တတ်ကြပါတယ်။ မျက်နှာပေါ်က အမွှေးအမျှင်တွေအတွက် ဖယောင်းအမွှေးချွတ် ကုသနည်းတွေက အတော်ရိုးစင်းပေမယ့် အရမ်းနာကျင်တတ်ပါတယ်။ ဝက်ခြံသေးသေးလေးတွေနဲ့ ကျိန်းစပ်မှု ကျန်ရစ်စေနိုင်ပါတယ်။ များသောအားဖြင့် ဒီလုပ်ဆောင်တာက အန္တရာယ်ကင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဒါပေမယ့် သင်က ဝက်ခြံပျောက်ဆေးတွေ အသုံးပြုပါက ဖယောင်းနဲ့ နှုတ်ခမ်းမွှေး လုံးဝ မနှုတ်သင့်ပါဘူး။

ဝက်ခြံဆေးတွေက အရေပြားကို ထိခိုက်လွယ်စေပြီး အမွှေးချွတ်နေစဉ် အရေပြားကွာထွက်သွားနိုင်ပါတယ်။ ဂရုမစိုက်ပါက ရောဂါကူးစက်မှုတောင် ဖြစ်စေနိုင်ပါတယ်။ မျက်နှာပေါ် အကွက်လေးတစ်နေရာလေးမှာ ဝက်ခြံဆေးသုံးထားရင်တောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဆေးက အဲဒီနေရာလေးမှာသာ အရေပြား sensitive ဖြစ်စေလိမ့်မယ်လို့ လွဲမှားတဲ့နားလည်မှု ရှိကြပါတယ်။ တကယ်တော့ မျက်နှာတစ်ခုလုံး ထိခိုက်စေတာပါ။

ကျိန်းစပ်မှုလျှော့နည်းသက်သာစေဖို့အတွက် ဖယောင်းနဲ့ နှုတ်ခမ်းမွှေးမနှုတ်ခင် ကြိုတင်ကာကွယ်မှုအချို့ ပြုလုပ်သင့်ပါတယ်။ မလုပ်ခင် အသားအရေသန့်ရှင်း နေပါစေ။ လိုးရှင်းတွေ၊ ခရင်မ်တွေ ကင်းစင်အောင် လုပ်ထားပါ။ သင့်နှုတ်ခမ်း အဆီပြန်နေပါက ဖယောင်းနဲ့ အမွှေးချွတ်မှုအလွန် ဝတ်ခြံကျိန်းစပ်မှု နည်းနိုင်သမျှနည်းစေဖို့ ကလေးသုံးပေါင်ဒါလေး အသုံးပြုပါ။ ကလေးပေါင်ဒါ အစိုဓာတ်တွေ စုပ်ယူက အမွှေးအမျှင်တွေ နှုတ်မိဖို့လွယ်ကူပါလိမ့်မယ်။ ဖယောင်းအမွှေးချွတ်ပြီးသွားလို့ နာကျင်ရောင်ရမ်းမှု ခံစားရတယ်ဆိုရင် ရှားစောင်းလက်ပတ်ဂျဲလ် (aloe gel) က ဝေဒနာ သက်သာစေပါလိမ့်မယ်။ အရက်ပြန် လိမ်းပွတ်ပေးခြင်းကလည်း ချွေးပေါက်တွေ ပွင့်စေပြီး ကျိန်းစပ်မှုနဲ့ ရောဂါကူးစက်မှု ကာကွယ်တားဆီးပေးပါတယ်။


Credit :Trend Myanmar