တော်ဝင်စံအိမ်အားလုံးမှာ ဆေးလိပ်သောက်ခွင့်ကို ဘက်ကင်ဟမ်နန်းတော်မှ ပိတ်ပင်


ဘက်ကင်ဟမ်နန်းတော်က တော်ဝင်တွေနေထိုင်တဲ့ စံအိမ်အားလုံးမှာ ဆေးလိပ်သောက်ခွင့် ပိတ်လိုက်တာဖြစ်ပြီး ဆေးလိပ်သောက်သူအဖြစ် လူသိများတဲ့ မင်းသားဟယ်ရီနေထိုင်တဲ့ ကင်ဆင်တန်နန်းတော်လည်း ပါဝင်ပါတယ်။
မကြာသေးခင်အချိန်ကအထိ တော်ဝင်စံအိမ်တွေမှာ သတ်မှတ်ဧရိယအတွင်း ဆေးလိပ်သောက်ခွင့် ပေးထားပါတယ်။
ဒါပေမဲ့ ဆေးလိပ်ငွေ့တွေဟာ ဖွင့်ထားတဲ့ပြတင်းပေါက်တွေကနေတစ်ဆင့် တက်လာတဲ့အတွက် ဆေးလိပ်မသောက်သူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

အိမ်တော်ထိန်းဌာနက အရာရှိတွေက ဝန်ထမ်းအားလုံးနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဆေးလိပ်ကို ပိတ်ပင်လိုက်ဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။
ယင်းပိတ်ပင်မှုမှာ ဘက်ကင်ဟမ်နန်းတော်၊ ဝင်ဒ်ဆာရဲတိုက်၊ စိန့်ဂျိန်းစ်နန်းတော်၊ ကင်ဆင်တန်နန်းတော်အပြင် အီဒင်ဘာ့ဂ်မှာရှိတဲ့ ဟိုလီရုဟောက်စ်နန်းတော်လည်း ပါဝင်ပါတယ်။

မေလ ၂၂ ရက်နေ့ကစပြီး ရိုးရိုးဆေးလိပ်ရော အီးစီးကရက်တွေပါ ဆေးလိပ်သောက်သုံးမှုအားလုံးကို တော်ဝင်အိမ်တော်တိုင်းမှာ သောက်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်။

Source & Photos : Mirror

Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.