Breaking News

အိပ်ရာသန့်ရှင်းမှု အလေးထားလုပ်သင့်တဲ့ အကြောင်းအရင်း



မနက်အိပ်ရာထထချင်း အိပ်ရာတွေ ခေါက်သိမ်းလိုက်ပါက သင့်အိပ်ရာထဲမှာ ရှိနေတဲ့ ဖုန်မှုန့်ကနေ ဖြစ်တဲ့ ကမျဉ်းကောင်တွေ အိပ်ရာခင်းတွေကြား ညှပ်မိကာ အရေပြားဆဲလ်သေတွေနဲ့ ချွေးကို မှီပြီး ရှင်သန်ကြီးထွားနေပါလိမ့်မယ်။ ဒီအကောင်တွေက ပန်းနာနဲ့ allergic ဖြစ်စေတဲ့အရာတွေ ဖြစ်ပါတယ်။ မခေါက်သိမ်းဘဲ ဖြန့်ထားတဲ့ အိပ်ရာက ဒီအကောင်တွေကို လေကောင်းလေသန့်နဲ့ အလင်းရောင်နဲ့ ထိတွေ့စေပြီး ခြောက်သွေ့ကာ သေကြေပျက်ဆီးစေပါတယ်။

ကျွန်ုပ်တို့အိပ်တဲ့အခါ ချွေးထွက်ကြပါတယ်။ သာမန်လူတစ်ယောက်ဟာ တစ်ည ချွေး (၁) လီတာထွက်နိုင်ကြောင်း သိပ္ပံပညာရှင်တွေရဲ့အဆိုချက်အရ သိရပါတယ်။ ချွေးက ကမျဉ်းကောင်တွေအတွက် အကောင်းဆုံး ရှင်သန်ကြီးထွားရာဝန်းကျင်ကို ဖန်တီးပေးပါတယ်။

သာမန်အိပ်ရာတစ်ခုမှာ ကမျဉ်းကောင် အရေအတွက် ၁.၅ မီလျှံရှိပြီ  ကျွန်ုပ်တို့အိပ်ပျော်တဲ့ချိန် အိပ်ရာခင်းပေါ် ကွာကျသွားတဲ့ အရေပြားဆဲလ်သေတွေကို မှီပြီး သန်ရှင်ကြီးထွားကြတယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။ ဒီအကောင်တွေဟာ လူတွေအတွက် ပြသနာ ဖြစ်ပွားစေပါတယ်။ သူတို့စွန့်တဲ့ အညစ်အကြေးတွေက allergy တွေ ဖြစ်ပွားစေပြီး ရှူမိတဲ့အခါ ပန်းနာဖြစ်စေပါတယ်။

မနက် အိပ်ရာမသိမ်းသေးဘဲ အတန်ငယ်ကြာထားတာ ကောင်းပါတယ်။ ဒါမှ အိပ်ရာခင်းတွေ ခြောက်သွေ့ဖို့ အခွင့်အလမ်းရကြောင်း Good House Keeping  Institute က Cleaning lab ဒါရိုက်တာ Carolyn Forte က အကြံပြုထားပါတယ်။မနက်အဆာပြေစားပြီး တစ်နေ့တာအတွက် အသင့်ဖြစ်ပြီးမှ အိပ်ရာသိမ်းတာ ကောင်းတဲ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ အိပ်ရာခင်းကို တစ်ပတ် ၁ ကြိမ်ကနေ ၂ ကြိမ်အထိ လျှော်ပေးပါ။ ခေါင်းအုံးစွပ်တွေလည်း မမေ့သင့်ပါဘူး။

Credit :Trend Myanmar