Breaking News

ကမ္ဘာကျော် မိန်းမချော (၁၀) ဦးရဲ့ ဖိုတိုရှော့နဲ့ မပြုပြင်မီနဲ့ ပြုပြင်ပြီး ဓာတ်ပုံများ

play

ကမ္ဘာ့အလှဆုံးလို့ သတ်မှတ်ခံရတဲ့ အမျိုးသမီးတွေဟာလည်း ဖိုတိုရှော့ရဲ့ အကူအညီယူမှာ ပြည့်စုံလှပသွားတယ်ဆိုတာကို ဒီဓာတ်ပုံတွေက ပြသနေပါတယ်။
၁။ မက်ဒေါနား
play

ပေါ့ပ်ဘုရင်မကြီးဟာ ပြုပြင်လိုက်မှ ပိုမိုငယ်ရွယ်နုပျိုသွားတယ်ဆိုတာကို ဒီဓာတ်ပုံက ပြသနေပါတယ်။
၂။ ကေတီပယ်ရီ

ကေတီပယ်ရီရဲ့ Rolling Stone ကာဗာဖိုတိုဟာ မူရင်းပုံထက် ထေတာက်ပရွှန်းစိုနေတာကို တွေ့နိုင်ပါတယ်။
၃။ ကင်မ်ကာဒါရှီယန်
play

ဆယ်ဖီကွင်းလို့ အမည်ပေးခံရတဲ့ ကင်မ်ကေဟာလည်း မကြာခဏဆိုသလို ဖိုတိုရှော့အကူအညီ ယူရတာပါပဲ။
၎။ ကန်ဒစ်ဟက်ဖင်း
play

အကိတ်မော်ဒယ် ကန်ဒစ်ဟာ သူမရဲ့ ဖွံ့ထွားလှတဲ့ ကောက်ကြောင်းနဲ့ နာမည်တစ်ခု တည်ဆောက်ထားခဲ့တာ ဖြစ်ပေမဲ့ သူမလည်း ဖိုတိုရှော့နဲ့ မလွတ်ပါဘူး။
၆။ ဖာဂီ
play

ဖာဂီ့အတွက်လည်း ဖိုတိုရှော့က မရှိမဖြစ် ဖြစ်ပါလိမ့်မယ်။
၇။ အန်ဂျလီနာဂျိုလီ
play

သူမဟာ ကမ္ဘာ့အလှဆုံး အမျိုးသမီးတစ်ဦးဖြစ်ပေမဲ့လည်း ပြစ်မျိုးမဲ့မထင်အလှကို ပိုင်ဆိုင်ဖို့အတွက်တော့ အကူအညီပါရတာပါပဲ။
၈။ ဘရစ်တနေစပီးယား
play

၂၀၀၈ ခုနှစ် Marie Claire မဂ္ဂဇင်းကာဗာဟာ ဘရစ်တနေစပီးယားရဲ့မူရင်းပုံနဲ့ အကွာကြီး ကွာခြားလွန်းပါတယ်။
၉။ ဘီယွန်းဆေး
play

ဘီယွန်းဆေးဟာ ဓာတ်ပုံထဲမှာ အမြဲတမ်း ချောမွေ့လှပနေခဲ့သူပါ။ ဒါပေမဲ့ 2013 L'Oreal အလှကုန်ပစ္စည်းကြော်ငြာအတွက် သူမရိုက်ကူးပေးခဲ့တဲ့ မပြုပြင်ရသေးမီဓာတ်ပုံဟာ ပေါက်ကြားသွားခဲ့ချိန်မှာ ပရိသတ်က အတော်လေး အံ့သြခဲ့ရပါတယ်။
၁၀။ လင်ဆေးလိုဟန်
play

လင်ဆေးလိုဟန်ဟာ ဆိုရှယ်မီဒီယာကနေ မကြာခဏဆိုသလို ပြုပြင်ထားတဲ့ ဓာတ်ပုံတွေ တင်တတ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံ နှစ်ပုံကတော့ အတော်လေးကို ကွာခြားလွန်းလှပါတယ်။
Source & Photos : the Sun   Credit :duwun