မနက်စာများများစားတဲ့ ကလေးတွေ စာပိုတော်ကြဟု သုတေသီတွေပြော

play

မနက်စာကို ပုံမှန်ထက် နှစ်ဆလောက်ပိုစားတဲ့ကလေးငယ်တွေ ဒါမှမဟုတ် နှစ်ကြိမ်စားပြီး ကျောင်းသွားတက်တဲ့ ကလေးတွေက အခြားသူတွေထက် ဥာဏ်ရည်ပိုမြင့်မားကြောင်း လေ့လာချက်တစ်ခုက ဖော်ထုတ်လိုက်ပြန်ပါပြီ။ မနက်စာကို ပုံမှန်ထက် ပိုစားတာဟာ ဦးနှောက်ဥာဏ်ရည် ကောင်းမွန်မှုအတွက် အထောက်အကူဖြစ်စေကြောင်း ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။
play

ကာဒစ်ဖ်တက္ကသိုလ်ရဲ့ လေ့လာမှုအဖွဲ့က အသက် ၉ နှစ်ကနေ ၁၁ နှစ်အကြား ကလေးငယ် ၅၀၀၀ ကို လေ့လာမှု ပြုခဲ့တာ ဖြစ်ပါတယ်။ မနက်စာစားသုံးပုံနဲ့ ပတ်သတ်ပြီး ခန္ဓာကိုယ်အဟာရအကြောင်း ကျွမ်းကျင်သူ ပညာရှင်တွေအကြား အငြင်းပွားမှုဟာ အချိန်အတော်ကြာ ဖြစ်ခဲ့ပြီးပါပြီ။ အများစုကတော့ မနက်စာကောင်းကောင်းစားသုံးပြီး ကျောင်းသွားတဲ့ ကလေးငယ်ဟာ စာသင်ခန်းမှာ ပိုပြီးသင်ရလွယ်ကူတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါကို အခုလေ့လာချက်က သက်သေပြလိုက်တာပါ။ ပိုပြီးထူးခြားလာတာ စားနိုင်သလောက် မနက်စာကို များများစားလေ စာသင်ခန်းမှာ ပိုပြီးအမှတ်ကောင်းလေ ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
play

ဒါပေမယ့်လည်း မနက်စာစားတဲ့နေရာမှာ အဟာရမျှဖို့တော့ လိုပါတယ်။ မနက်စာကို သကြားလုံးနဲ့ အာလူးကြော်လို သရေစာမျိုးတွေ စားရင်တော့ ဦးနှောက်အတွက် အထောက်အကူမဖြစ်စေဘူးလို့ ဆိုပါတယ်။
Source : www.independent.co.uk
Photos : www.flickr.com, www.schoolatoz.nsw.edu.au  
Share on Google Plus

About Myanmar Magazine