မင်္ဂလာပွဲစခါနီးအထိ ဂိမ်းထိုင်ဆော့နေတဲ့ သတို့သမီးကို သတို့သားက အတင်းဓမ္မဆွဲခေါ်သွားခဲ့ရ

သတို့သားရဲ့ မိခင်ဖြစ်သူကလည်း အင်တာနက်ဂိမ်းကို စွဲစွဲမြဲမြဲဆော့နေတဲ့ ချွေးမလောင်းကို မင်္ဂလာပွဲအမီ လိုက်ခဲ့ဖို့ တရုတ်ဘာသာစကားနဲ့ ပြောနေခဲ့တာတွေ့ရပါတယ်။ သတို့သမီးက နောက်ထပ် ခဏထပ်စောင့်ဖို့ ပြောနေတဲ့အခါ သတို့သားရဲ့ ဖခင်ဖြစ်သူက စိတ်မရှည်နိုင်တော့ပဲ " မင်းမိန်းမကိုတောင်း မင်းမပြောနိုင်ဘူးလား" လို့ကြိမ်းမောင်းကာ သတို့သားကို ပါးရိုက်ခဲ့တာ တွေ့ရပါတယ်။
play



အဲဒီနောက်မှာတော့ သတို့သားဟာ သတို့သမီးဖြစ်သူကို ထိုင်ခုံကနေ အင်အားသုံးပြီး တရွတ်တိုက်ဆွဲခေါ်သွားခဲ့တာတွေ့ရပါတယ်။ နာမည်ကျော်အွန်လိုင်းဂိမ်းတစ်ခုဖြစ်တဲ့ League of Legends ကိုဆော့နေရင်း တစ်ဝက်တစ်ပျက်ဖြစ်သွားတဲ့ သတို့သမီးဟာ အော်ဟစ်ငိုယိုကာ သတို့သားနောက်ပါသွားခဲ့ပါတယ်။
Source : Mirror

Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.