Breaking News

တရုတ်ဖိတ်ခေါ် အမျိုးသမီးဘောလုံး ပြိုင်ပွဲ မြန်မာအမျိုးသမီး အသင်း ပါဝင်ယှဉ်ပြိုင်မည်


မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်းသည် တရုတ်နိုင်ငံ ဘောလုံး အဖွဲ့ချုပ် CFA ၏ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် MFF သို့ ဖိတ်ကြားချက် အရ ၂၀၁၇ ဇန်န၀ါရီလ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ Guangdong ခရိုင်တွင် ကျင်းပမည့် CFA International Women's Football Tournament 2017 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်၊ မြန်မာ၊ ယူကရိန်းနှင့် ထိုင်း နိုင်ငံများမှ လက်ရွေးစင် အမျိုးသမီး အသင်းများ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း အိမ်ရှင် နိုင်ငံ၏ အကြောင်းကြားမှု အရ သိရှိရသည်။ CFA အနေဖြင့် ၂၀၁၆ ဇန်န၀ါရီလတွင် တရုတ်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့ ပါဝင်သည့် လေးနိုင်ငံ ဖိတ်ခေါ်ပွဲကိုလည်း ကျင်းပခဲ့ဖူးပြီး အိမ်ရှင် တရုတ် အသင်းကပင် ဗိုလ်စွဲခဲ့သည်။

နယ်သာလန် နည်းပြ ရော်ဂျာ တာဝန်ယူ ကိုင်တွယ်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ၂၀၁၇ ခုနှစ် ဧပြီလတွင် AFC Women's Asian Cup 2018 ခြေစစ်ပွဲ ယှဉ်ပြိုင် ကစားရန် ရှိနေပြီး တရုတ် ဖိတ်ခေါ်ဖလား ပြိုင်ပွဲမှာ ယင်းအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှု ဖြစ်သည်။

Credit :Trend Myanmar