Breaking News

နာမည်ကျော် ဘောလိဝုဒ်မင်းသားတွေကို ကျော်တက်သွားတဲ့ ဘောလိဝုဒ်မင်းသမီးများ

play

ရှရွတ်ခန်၊ ဆယ်လ်မန်ခန်၊ အာမီခန်နဲ့ အာရှေကူးမားတို့ရဲ့ ဇာတ်ကားတွေဟာ ဘောလိဝုဒ်မှာ ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဘောလိဝုဒ်ကို ခန်တွေက ကြီးစိုးထားပြီး ဘောလိဝုဒ်မှာ အမျိုးသားတွေက အခရာဖြစ်တယ်လို့ ပြောစမှတ်ပြုကြပါတယ်။
play

ဒါပေမဲ့ ယခုနောက်ပိုင်းမှာတော့ မင်းသမီးတွေကလည်း သူတို့ရဲ့တစ်ခေတ်ဖြစ်လာအောင် ဖန်တီးလာနိုင်ခဲ့ပါတယ်။
play
အလီယာဘက်သ် (Alia Bhatt)
အမျိုးသမီးအသားပေးတဲ့ ရုပ်ရှင်ကားတွေ အောင်မြင်မှုရအောင်လည်း ဆောင်ရွက်နိုင်ခဲ့တယ်။ အနုပညာကြေးတိုးမြှင့်ပေးဖို့ တောင်းဆိုလာကြတဲ့အပြင် မင်းသမီး ဒီပီကာပါဒူခုန်းဟာဆိုရင် ရုပ်ရှင်တစ်ကားကို ရူပီး ၁၂ ကုဋေ (ဒေါ်လာ ၁.၇၈ သန်း) ရရှိပါတယ်။ ပက်ဒမာဝတီဆိုရင် အတူသရုပ်ဆောင်တဲ့ မင်းသားတွေထက် အနုပညာကြေးပိုရပါတယ်။
play
အနုရှကာရှမာ (Anushka Sharma)
ဒီနှစ်ထဲမှာ အလီယာဘက်သ်၊ အနုရှကာရှမာနဲ့ ဂျက်ကလင်းဖာနန်ဒက်စ်တို့ ပါဝင်ထားတဲ့ ဇာတ်ကားတွေက ပိုမိုများပြားကာ ရှရွတ်ခန်၊ ဆယ်လ်မန်ခန်နဲ့ အာရှေကူးမားတို့ကို ကျော်တက်သွားခဲ့ပါတယ်။
play
ဂျက်ကလင်းဖာနန်ဒက်စ် (Jacqueline Fernandez)
မင်းသမီးသုံးဦး ပါဝင်ထားတဲ့ ဇာတ်ကားအရေအတွက်တွေနဲ့ ဇာတ်ကားတွေရဲ့ဝင်ငွေ (အိန္ဒိယရူပီး ကုဋေနဲ့ တွက်ချက်) တွေကို ဖော်ပြပေးလိုက်ပါတယ်။
play
play

ဟောလိဝုဒ်မင်းသမီးတွေဟာ ဒီနှစ်ထဲမှာ သူတို့ရဲ့ သရုပ်ဆောင်အစွမ်းတွေကို အစွမ်းကုန် ထုတ်ပြနိုင်သလို အိန္ဒိယရုပ်ရှင်ရုံတွေမှာလည်း စိုးမိုးသွားနိုင်ခဲ့ပါတယ်။
Source & Photos : bollywood