Breaking News

ကြွပ်ကြွပ်အိတ်ကို မက်ဆီအင်္ကျီအဖြစ် ဝတ်ခဲ့တဲ့ကလေးငယ် မက်ဆီနဲ့ တွေ့ခွင့်ရပြီ

play

ကြွပ်ကြွပ်အိတ်မှာ မက်ဆီနာမည်ရေးထိုးကာ အင်္ကျီလုပ်ဝတ်ခဲ့တဲ့ ငါးနှစ်သားအရွယ်ကလေးငယ်ဟာ အင်တာနက်မှာ နာမည်ကျော်သွားခဲ့ပြီးနောက် အခုတော့ မက်ဆီနဲ့ အပြင်မှာ တကယ်တွေ့ဆုံခွင့်ရခဲ့ပြီဖြစ်ပါတယ်။
play

အာဖဂန်နစ္စတန်မှာ နေထိုင်တဲ့ အဆိုပါကလေးငယ်ဟာ အာမက်ဒီလို့ အမည်ရပြီး ကျွပ်ကျွပ်အိတ်မှာ မက်ဆီနာမည်ရေးထိုးကာ အင်္ကျီလုပ်ဝတ်ထားတဲ့ ဓာတ်ပုံ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် မက်ဆီကိုယ်တိုင် ဒီအကြောင်း သိရှိသွားခဲ့ရပါတယ်။
play

အဲဒီနောက်မှာ မက်ဆီက သူကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ အာဂျင်တီးနားဂျာစီကို အဆိုပါ ကလေးငယ်ထံ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်မှ အာဂျင်တီးနားလက်ရွေးစင် မက်ဆီက ဘာစီလိုနာအသင်းနဲ့အတူ ကာတာနိုင်ငံ ဒိုဟာမြို့ကို ရန်ပုံငွေပွဲ ကစားဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ မက်ဆီကလည်း သူ့ရဲ့အမာခံ ပရိသတ်နဲ့ သီးသန့်တွေ့ဆုံခဲ့တဲ့အပြင် အခုခြောက်နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အာမက်ဒီကိုချီပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ " ဒီဓာတ်ပုံဟာ တကမ္ဘာလုံးက မြင်ချင်နေတဲ့ ဓာတ်ပုံပါပဲ" လို့ ကာတာရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီက တွစ်တာမှာ ရေးသားပြီးဖော်ပြခဲ့ပါသေးတယ်။
အာမက်ဒီတို့ မိသားစုဟာ ပြီးခဲ့တဲ့ မေလတုန်းက အာဖဂန်နစ္စတန်ကနေ ပါကစ္စတန်ဘက်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ မက်ဆီက ဒီနှစ်မှာ ရွှေဘောလုံးဆုနဲ့ လွဲခဲ့ပေမယ့် သူ့ရဲ့အမာခံ ပရိသတ်နဲ့တော့ မလွဲအောင် ကြိုးပမ်းနိုင်ခဲ့တာပါ။
Source : Daily Mail