Breaking News

၂၂ နှစ်ပြည့်မွေးနေ့မှာ ကောက်ကြောင်းအလှတွေ ထပ်ပြီးထုတ်ကြွားလိုက်တဲ့ ရုရှားကင်မ်ကာဒါရှီယန်

play

အမေရိကန်ရုပ်သံစတား ကင်မ်ကာဒါရှီယန်ရဲ့ ခန္ဓာကိုယ်အလှအတိုင်း အတုခိုးပြီး အောင်မြင်ဖို့ ကြိုးစားနေသူလို့ နာမည်ကြီးနေတဲ့ ရုရှားအလှမယ် မိန်းကလေး အန်နက်စတာရှာဗစ်ကိုက သူမရဲ့မွေးနေ့မှာ ပရိသတ်တွေအတွက် အလှဓာတ်ပုံတွေ ထပ်မံဝေမျှလိုက်ပါတယ်။
play

အင်စတာဂရမ်ပေါ်မှာ Followers ငါးသန်းနီးပါး ရှိလာပြီဖြစ်တဲ့ ကေဗစ်ကိုဟာ သူမရဲ့ သဲနာရီပုံစံ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေမယ့် ရေကူးဝတ်စုံတွေဝတ်ကာ မွေးနေ့မှာ ဓာတ်ပုံနှစ်ပုံ ထပ်တင်လိုက်တာဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေက ရုရှားကင်မ်ကာဒါရှီယန်းလို့ နာမည်ပြောင်ပေးထားကြပေမဲ့ ကေဗစ်ကိုကတော့ သူမဟာ ကင်မ်ကာဒါရှီယန်ထက် ပိုပြီးကြည့်ကောင်းသူဖြစ်တယ်လို့ အတိအလင်း ပြောကြားထားပါတယ်။
play

ကေဗစ်ကိုကတော့ သူမရဲ့ခန္ဓာကိုယ်ဟာ ရာနှုန်းပြည့် သဘာဝအလှဖြစ်ပြီး ဒီလိုခန္ဓာကိုယ်ရဖို့ လေ့ကျင့်ခန်း အပြင်းအထန် ပြုလုပ်ထားတာလို့ ပြောထားသူပါ။ ဒါပေမဲ့ သူမဆယ်ကျော်သက် ဘဝတုန်းက ဒီလိုခန္ဓာကိုယ်မဟုတ်ဘဲ ပိန်ပိန်ပါးပါး ခန္ဓာကိုယ် ဖြစ်ခဲ့ပြီး ရင်သားမရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့တာကို ပရိသတ်တွေက ဝေဖန်ထောက်ပြ ပြောထားကြပါသေးတယ်။
play

သူမဟာ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့သေးပေမဲ့ ခန္ဓာကိုယ်ဟာ ဝဖြိုးနေတယ်လို့ အကြောင်းပြပြီး မော်ဒယ်အေဂျင်စီတွေက ငြင်းပယ်ခြင်းကို ခံခဲ့ရသူပါ။ အဲဒီနောက် ဒီလိုခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကေဗစ်ကိုက ပြောပါတယ်
Credit :duwun