Breaking News

၂၀၁၆ ခုနှစ်အတွင်း လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ နိုင်ငံတကာဇာတ်ဝင်သီချင်း (၄) ပုဒ်


play

ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဇာတ်ဝင်သီချင်းတွေရဲ့ ပံ့ပိုးမှုကလည်း အရမ်းကို အရေးကြီးပါတယ်။ သရုပ်ဆောင်တွေက သိပ်မကောင်းဘူးဆိုရင်တောင်မှ ဇာတ်ဝင်သီချင်းကြောင့် ပိုပြီးခံစားသက်ဝင်မိတယ်ဆိုတာလည်း ငြင်းမရပါဘူး။ ယခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားတွေထဲက လူကြိုက်များရေပန်းစားခဲ့တဲ့ နိုင်ငံတကာသီချင်းတွေထဲမှာ သင်အကြိုက်ဆုံးဖြစ်ခဲ့တာတွေလည်း ပါဝင်နေပါလိမ့်မယ်။
(၁) Heathens - Twnenty One Pilots
ခပ်ဆိုးဆိုးလူတစ်သိုက်က ကမ္ဘာဖျက်မယ့် မှော်နတ်ဆိုးရဲ့လက်ကနေ ကယ်တင်ခဲ့ကြရပုံကို ရိုက်ကူးထားတဲ့ Suicide Squad ဇာတ်ကားထဲက သီချင်းပါ။ တကယ်တော့ ဒီဇာတ်ကားထဲက ဇာတ်ဝင်သီချင်းတွေအားလုံးလိုလိုဟာ လူကြိုက်များတဲ့သီချင်းတွေပါပဲ။ ဒီထဲမှာမှ Healthens ကတော့ အားလုံးရဲ့နားထဲမှာစွဲထင်ရဆုံး တစ်ပုဒ် ဖြစ်လာပါတယ်။
play

(၂) Not Today - Imagine Dragons
လွမ်းဆွတ်ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းလေးနဲ့ လိုက်ဖက်ညီတဲ့ သီချင်းလေးဖြစ်ပါတယ်။ Me Before You ဇာတ်ကားထဲက သေကွဲ ကွဲသွားရတဲ့ချစ်သူနှစ်ဦးကို ရည်ညွှန်းသီဆိုစရာ အကောင်းဆုံးသီချင်းပါပဲ။
play

(၃) Just Like Fire - Pink
ဂျွန်နီဒပ်ပ်ရဲ့ အိမ်ထောင်ရေးကိစ္စဟာ ဇာတ်ကားရုံတင်ချိန်နဲ့ တိုက်ဆိုင်ခဲ့တာကြောင့် Alice Through the Looking Glass ဟာ ထင်သလောက်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ အဆိုတော် Pink ရဲ့ အသံအားကောင်းကောင်း မာန်အပြည့်နဲ့ သီဆိုထားတဲ့ ဒီသီချင်းကတော့ နိုင်ငံတကာမှာ အတော်လေးရေပန်းစားခဲ့ပါတယ်။
play

(၄) Angel of the Morning - Juice Newton
ဒီသီချင်းက အသစ်တော့မဟုတ်ပါဘူး။ အတော်ကို ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီနှစ်ထဲမှာပဲ ရုံတင်ပြသခဲ့တဲ့ Deadpool မှာ ပြန်လည်ထည့်သွင်းထားခဲ့တာပါ။ နားထောင်လို့မဝတဲ့ သီချင်းကောင်းတစ်ပုဒ်ပါပဲ။
Credit :duwun