Breaking News

ရီးယဲလ်အသင်း ဒေါ့မွန်နဲ့ ကစားတဲ့နေ့မှာ ဗာရန်းရဲ့ နေအိမ် လုယက်ခံရ



စန်တီယာဂို ဘာနေဗျူးမှာ ချန်ပီယံလိဂ်ပွဲစဉ် ရီးယဲလ်မက်ဒရစ်နှင့် ဒေါ့မွန်တို့ ရင်ဆိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နောက်ခံလူ ဗာရန်းရဲ့ နေအိမ်အတွင်းသို့ သူခိုးများက ချိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါပွဲပြီးတဲ့နောက်မှာ ပြင်သစ်နောက်ခံလူက မက်ဒရစ်မြို့ El Encinar de los Reyes ရဲ့ ဇိမ်ခံဧရိယာမှာ ရှိတဲ့ သူ့အိမ် ဖောက်ထွင်းခံရကြောင်း သတင်းပို့ခဲ့တယ်လို့ စပိန်မြို့တော် ရဲတပ်ဖွဲ့ရဲ့ သတင်းရင်းမြစ်များက အီးအက်ဖ်အီး သတင်းအေဂျင်စီကို သောကြာနေ့က ပြောပါတယ်။
သူခိုးများက အိမ်အတွင်းမှ ယူရို ၇၀,၀၀၀ (ဒေါ်လာ ၇၄,၃၇၅) တန်ဖိုးရှိ ရတနာ၊ ငွေ၊ အဝတ်အစားနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခဲ့တယ်လို့ စပိန်သတင်းစာ El Mundo က ဖော်ပြထားပါတယ်။
အိမ်ကနေ သူထွက်ခွာသွားချိန်မှာ အိမ် အချက်ပေးနှိုးဆော်စနစ်ကို ချိန်ဆက်ဖို့ မေ့လျော့ခဲ့တယ်လို့ ဗာရန်းက ရဲတွေဆီ ဝန်ခံခဲ့တယ်လို့ အဆိုပါစပိန်သတင်းစာက ထည့်သွင်း ဖော်ပြထားပါတယ်။
©EFE_EPA