Breaking News

သင့်ဖုန်းကို သင့်ကိုယ်ထဲ ထည့်ထားနိုင်တော့မယ့် ခေတ်

play

3D နည်းပညာနဲ့ပြုလုပ်ထားတဲ့ ခန္ဓာကိုယ်အင်္ဂါများ၊ ခန္ဓာကိုယ်ထဲ မိုဘိုင်းဖုန်းမြှပ်နှံထည့်သွင်းထားခြင်း၊ စက်ရုပ်တွေက လူသားတွေကိုခိုင်းစေခြင်းနဲ့ စတဲ့နည်းပညာလွန်တိုးတက်မှုတွေဟာ  ယနေ့ခေတ်မှာ သိပ္ပံဇာတ်ကားတွေထဲမှာသာရှိပေမဲ့ ၂၀၂၅ ခုနှစ်မှာတော့ တကယ်ရှိလာနိုင်တယ်လို့ သိရပါတယ်။
play

 World Economic Forum (WEF) ကထုတ်ပြန်တဲ့ စစ်တမ်းအရ artificial intelligence နည်းပညာကြောင့် စက်ရုပ်တွေဟာ ကုမ္ပဏီဒါရိုက်တာနေရာမျိုးတွေထိ ရောက်လာမယ်လို့ ဆိုပါတယ်။ စတုတ္ထမြောက်စက်မှုတော်လှန်ရေးလို့ခေါ်တဲ့ နည်းပညာတော်လှန်ရေးကြီးတစ်ခုဖြစ်လာနိုင်ပြီး ကုမ္ပဏီတွေ၊အလုပ်သမားတွေ၊အစိုးရတွေနဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို စိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
play

ဒါပေမဲ့ ဈေးနှုန်းအလွန်ပေါတဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ စီးပွားရေးတိုးတက်မှု လှိုင်းလုံးသစ်ကြီးတစ်ခုကို မောင်းနှင်လိမ့်မယ်လို့ အဆိုပါစစ်တမ်းအရ သိရပါတယ်။
Photos & Source: Daily Mail   
Credit :duwun