ခင်ပွန်းလောင်း မရှိခိုက် အိမ်ခန်းအတွင်း တပည့်ဖြစ်သူကို ခေါ်အိပ်သည့် ဆရာမ မင်္ဂလာပွဲ ပျက်ခဲ့ရ


မင်္ဂလာဆောင်တော့မယ့် ဆရာမတစ်ဦးဟာ သူမရဲ့တပည့်ဖြစ်တဲ့ ကျောင်းသားတစ်ဦးနဲ့ အတူအိပ်ခဲ့တယ်လို့ ပေါ်ပေါက်ခဲ့ပြီးနောက် မင်္ဂလာပွဲဖျက်သိမ်းလိုက်ရကြောင်း သိရပါတယ်။
ဆယ်ကျော်သက်အရွယ်တပည့်ဖြစ်သူနဲ့ ဇာတ်လမ်းရှိခဲ့တဲ့အတွေက် အဆိုပါ ၂၃ နှစ်အရွယ် ဆရာမကို တရားရုံးမှာ စွဲချက်တင်ထားကြောင်းလည်းသိရပါတယ်။ အယ်လေနာဖာဂူဆန်လို့ အမည်ရတဲ့ အဆိုပါ ဆရာမဟာ လူမှုကွန်ယက်ကတဆင့် သူ့ရဲ့တပည့်ဖြစ်သူထံကို ဖော်ချွတ်ပုံတွေလည်း ပေးပို့ခဲ့ကြောင်း သိရပါတယ်။ တပည့်ဖြစ်သူနဲ့ လျှို့ဝှက်ဇာတ်လမ်းရှိခဲ့ပြီးနောက် သူမနဲ့ မ င်္ဂလာဆောင်တော့မယ့် ခင်ပွန်းလောင်းရဲ့ အိမ်ခန်းမှာ တပည့်ဖြစ်သူကို ခေါ်အိပ်ခဲ့တယ်လို့ တရားရုံးက ကြားနာချက်အတွင်း ဖော်ပြပါရှိခဲ့တာပါ။

အဆိုပါ ဆရာမဖြစ်သူနဲ့ ကျောင်းသားဟာ နောက်ဆုံး ချစ်တင်းနှောခဲ့တာ နိုဝင်ဘာလကအတွင်းက အမေရိကန်ဖွတ်ဘော အားကစားပြိုင်ပွဲအပြီး ထရပ်ကားအနောက်မှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ တရားရုံးက သူမကို အင်တာနက်အသုံးပြုခွင့်လည်း ပိတ်ပင်ထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
သူမဟာ တက္ကဆက်ပြည်နယ်က Plano အထက်တန်းကျောင်းမှာ နှစ်လသာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။
Source : The Sun
Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.