စက်ဘီးခိုးတဲ့တိုးရစ်တွေ သူခိုးစာတမ်းဆွဲပြီး လမ်းလျှောက်ခဲ့ရ

play

အင်ဒိုနီးရှားနိုင်ငံကို လာရောက်လည်ပတ်တဲ့ သြစတြေးလျနိုင်ငံသား ခရီးသည်နှစ်ဦးဟာ ဟိုတယ်ကစက်ဘီးကို ခိုးယူခဲ့လို့ လည်ပင်းမှာ စာချိတ်ပြီး လူကြားထဲလမ်းလျှောက်ခဲ့ရပါတယ်။
နိုင်ငံအလယ်ပိုင်းက ခရီးသွားများလာရောက်လည်ပတ်ရာ Gili Trawangan ကျွန်းက ဟိုတယ်မှာရှိတဲ့စက်ဘီးကို ခိုးယူသွားကြောင်း မန်နေဂျာက တွေ့မြင်ပြီးနောက် လိုက်လံဖမ်းဆီးခဲ့ကာ အာဏာပိုင်တွေက ကျွန်းရဲ့ဓလေ့အတိုင်း အပြစ်ပေးခဲ့တာပါ။ "ရှက်ရွံ့စရာလျှောက်လှမ်းမှု" လို့ အမည်ပေးထားတဲ့ ပြစ်ဒဏ်ပေးမှုအရ စက်ဘီးခိုးယူမိတဲ့ အမျိုးသားနဲ့အမျိုးသမီးတို့ဟာ လည်ပင်းမှာ "ငါ သူခိုးပါ။ ငါလုပ်သလို မလုပ်ပါနဲ့" ဆိုတဲ့ စာကို ချိတ်ဆွဲပြီး လမ်းလျှောက်ခဲ့ကြရပါတယ်။ ဒီပြစ်ဒဏ်ပေးမှုဟာ ကျွန်းသူကျွန်းသားတွေသာမက ကျွန်းကိုလာတဲ့မည်သူမဆို အပြစ်လုပ်မိတဲ့အခါ ဒဏ်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။
Source : CANာ Credit :duwun



Share on Google Plus

About Myanmar Magazine