စားနေတာကို အရသာပြောင်းစေတဲ့ ခရင်း

play

ဂျပန်နိုင်ငံ တိုကျိုမြို့  Meiji တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ စားနေတဲ့အရသာကိုပြောင်းလဲစေနိုင်မယ့် လျှပ်စစ်ခရင်းတစ်ခုကိုတီထွင်လိုက်ပါတယ်။ အစားအသောက်ဆင်ခြင်ရတဲ့ သွေးတိုးရောဂါသည်တွေလိုလူနာတွေအတွက် အထူးသင့်လျော်တဲ့ ခရင်းဖြစ်တယ်လို့ သိရပါတယ်။
play

ဆားမပါတဲ့ အစားအစာတွေကို အဆိုပါခရင်းနဲ့ထိုးပြီးစားတဲ့အခါ အငန်အရသာကို ပြည့်ပြည့်ဝဝရရှိစေမှာဖြစ်ပါတယ်။ ခရင်းမှာသုံးထားတဲ့ လျှပ်စစ်အားကလည်း အလွန်ကိုနည်းပါးတာကြောင့် လျှပ်စစ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဘာမှ မရှိဘူးလို့သိရပါတယ်။
play

အစားအစာထဲကို လျှပ်စစ်ပို့လိုက်တာကြောင့် အဆိုပါအစားအစာဟာ အငန်အရသာ ရရှိလာတာ ဖြစ်ပါတယ်။  အစားအစာထဲ လျှပ်စစ်ထည့်တဲ့နည်းပညာကို ၂၀၁၂ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံမှာ စတင်ပြသခဲ့တာဖြစ်ပါတယ်။
Photos & Sources: VICE Munchies, Improbable


Share on Google Plus

About Myanmar Magazine