၂၀၁၆ မှာ လမ်းခွဲခဲ့ကြတဲ့ ကမ္ဘာကျော်အနုပညာရှင်စုံတွဲများ (၃)


play

၂၀၁၆ ခုနှစ်ဟာ ဆယ်လီတွေကြားက ချစ်ဇာတ်လမ်းတွေ အဆုံးသတ်မှု အများဆုံးနှစ်တစ်နှစ် ဖြစ်တဲ့အတွက် ဒီနှစ်ထဲမှာ လမ်းခွဲလိုက်တဲ့ စုံတွဲတွေအကြောင်းကို အပိုင်း (၃) နဲ့ တင်ဆက်လိုက်တာဖြစ်ပြီး ဒါကတော့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။
၁။ တေလာဆွစ်နဲ့ ကယ်ဗင်ဟားရစ်
play

တေလာဆွစ်နဲ့ ဒီဂျေ ကယ်ဗင်ဟားရစ်တို့ကလည်း ချစ်သူအဖြစ် ၁၅ လကြာ တွဲခဲ့ပြီးတဲ့နောက် ဇွန်လထဲမှာ သူတို့ရဲ့အချစ်ရေးကို အဆုံးသတ်ခဲ့ပါတယ်။
အစပိုင်းမှာတော့ သူတို့ရဲ့လမ်းခွဲမှုဟာ အေးအေးဆေးဆေးလို့ ယူဆရပါတယ်။
"relationship တစ်ခု အဆုံးသတ်သွားတာ မှန်ပေမဲ့ မေတ္တာတရားနဲ့ လေးစားမှုတွေ အများကြီး ကျန်ရှိသေးတယ်" လို့ သူတို့နှစ်ဦး ပြတ်ဆဲခါစမှာ ကယ်ဗင်ဟားရစ်ကလည်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာသားနဲ့အတူ ဆိုရှယ်မီဒီယာပေါ်မှာ သူတို့နှစ်ဦးအတူတင်ခဲ့တဲ့ စာတွေကို နောက်ပိုင်းမှာ အားလုံး ဖျက်ပစ်ခဲ့ပါတယ်။
၂။ တေလာဆွစ်နဲ့ တွမ်ဟစ်ဒယ်စတန်
play

တေလာဆွစ်အတွက် ဒီနှစ်ထဲမှာ အချစ်ဇာတ်လမ်း ၂ ခုတောင် အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကယ်ဗင်ဟားရစ်နဲ့ ကွဲပြီး နှစ်ပတ်အကြာမှာ သူမဟာ အင်္ဂလိပ်မင်းသား တွမ်ဟစ်ဒယ်စတန်နဲ့ ပွေ့ဖက်ပုံတွေ ထွက်ပေါ်လာတော့ မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။
နှစ်ဖက်မိဘတွေ အပြန်အလှန်တွေ့ဆုံတဲ့အပြင် ကမ္ဘာပတ်ပျော်ရွှင်ခဲ့ကြတဲ့ အရှိန်အဟုန်ပြင်းခဲ့တဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာ ဖွဲမီးလိုပဲ မြန်မြန်ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ဇူလိုင်လမှာ စတင်ခဲ့တဲ့ သူတို့ဇာတ်လမ်းဟာ စက်တင်ဘာလမှာပဲ ပြီးဆုံးသွားခဲ့တာပါ။
၃။ ဘရွတ်ကလင်းဘက်ခမ်းနဲ့ ကလိုဝီဂရေ့စ်မိုရက်စ်
play

သူတို့နှစ်ယောက်ဟာ နှစ်အနည်းငယ်အကြာ ကွဲလိုက်ပြတ်လိုက်ဖြစ်ပြီးတဲ့နောက် ၂၀၁၆ ခုနှစ် မေလအတွင်းက တရားဝင် တွဲကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူတို့ချစ်သူနှစ်ဦးကြား အားလုံးအဆင်ပြေနေတယ်လို့ ထင်နေခဲ့ကြပါတယ်။ နှစ်ဦးစလုံးကလည်း အတ္တလန္တိတ်ပင်လယ်ရဲ့ တစ်ဖက်ဆီမှာ ရှိနေကြပေမဲ့လည်း တစ်ယောက်ဆီတစ်ယောက် သွားလည်လို့ သူတို့အချစ်ရေးကို အဆင်ပြေအောင် ပြုလုပ်နိုင်ခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့နှစ်ဦး စကားများကြတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက် သီတင်းပတ်အနည်းငယ်အကြာမှာပဲ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။
၎။ The Weeknd နဲ့ ဘယ်လာဟက်ဒီး
play

အဆိုတော် The Weeknd နဲ့ မော်ဒယ် ဘယ်လာဟက်ဒီးတို့ဟာ ၁၈ လအကြာတွဲခဲ့ကြပါတယ်။
အသက် ၂၀ အရွယ် မော်ဒယ်လေးနဲ့ အသက် ၂၅ နှစ်အရွယ် ရက်ပါတို့ဟာ အမှန်တကယ်ပြတ်သွားကြပြီလို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ People မဂ္ဂဇင်းက အတည်ပြုခဲ့ပါတယ်။
နှစ်ဦးလုံး အလုပ်တွေအရမ်းလွန်းတဲ့ လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
၅။ ဇက်အက်ဖရွန်နဲ့ ဆမ်မီမီရို
play
ဇက်အက်ဖရွန်နဲ့ မော်ဒယ် ဆမ်မီမီရိုတို့ဟာလည်း တစ်နှစ်ခွဲကြာ တွဲခဲ့ပြီးနောက် လမ်းခွဲခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် မင်းသား ဇက်အက်ဖရွန်ဟာ အသက် ၂၈ နှစ်အရွယ် ဆမ်မီမီရိုနဲ့ပတ်သက်သမျှ ဆိုရှယ်မီဒီယာပို့စ်အားလုံကို ဖျက်ပစ်ခဲ့ပါတယ်။
Share on Google Plus

About Myanmar Magazine