ဆောင်းတွင်းမှာ ခြေဖနှောင့်အက်ကွဲတဲ့အခါ



ခြေဖနှောင့်တွေ အက်ကွဲတာက ခြေထောက်ကို ကောင်းကောင်းဂရုမစိုက်ခဲ့လို့တော့ မဟုတ်ပါဘူး။ ဆောင်းရာသီအတွင်း ကြမ်းတမ်းတဲ့ ရာသီဥတုက ပိုလို့တောင် ဆိုးရွားစေပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ ခြေအထောက်အနာအဆာကင်းရှင်းအောင် ပုံမှန်ကုသမှု (pedicure) သို့မဟုတ် Spa သွားစရာမလိုပါဘူး။ Glycerin အလှဆီလို ရိုးရိုးပစ္စည်းတွေက ဆောင်းရာသီအတွင်း သင့်ခြေထောက်ကို ထိန်းသိမ်းစေနိုင်ပါတယ်။

Glycerin က အစားသောက်တွေမှာ ခြောက်သွေ့မှုကင်းအောင် ထည့်တဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူ့မှာ အရေပြားမှာ အစိုဓာတ်ထိန်းထားနိုင်စွမ်းရှိပြီး အချိန်ကြာမြင့်စွာ ထိန်းထားပေးပါတယ်။ လူကြိုက်များထင်ရှားတဲ့ အလှဆီတစ်မျိုးဖြစ်ပါတယ်။

Glycerin မလိမ်းခင် ပထမဆုံးလုပ်ရမယ့်အချက်က ခြေထောက်မှ အညစ်အကြေးအားလုံး ရှင်းလင်းဖို့ ဆပ်ပြာ သို့မဟုတ် hydrogen peroxide ရောထားတဲ့ ရေနွေးနွေးလေးထဲ ခြေထောက်စိမ်ပေးရပါမယ်။ အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ ကိုယ်တိုက် သို့မဟုတ် ကျောက်ပွ အသုံးပြုပါ။ ခြောက်အောင်သုတ်ပြီး glycerin လိမ်းပေးရုံပါပဲ။

Credit :Trend Myanmar


Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.