Breaking News

အင်တာနက်မှာ ခြေရှုပ်နေသည့် ခင်ပွန်းကို အရှက်ခွဲပြီး ထားပစ်ခဲ့သည့် ဇနီးသည်

play

ရည်းစားသို့မဟုတ် လက်တွဲဖော် အိမ်ထောင်ဖက်ရှာကြလိုသူတွေ အသုံးပြုတဲ့ အက်ပလီကေးရှင်းကို ခင်ပွန်းဖြစ်သူ သုံးစွဲနေကြောင်း တွေ့ရှိပြီးနောက် ဇနီးသည်ဟာ သူ့ရဲ့ခင်ပွန်းကိုအကောင်းဆုံးနည်းလမ်းနဲ့ ပညာပြလိုက်ပါတယ်။
play

သူမကိုယ်တိုင်လည်း ခင်ပွန်းသည်နဲ့အတူဆက်မနေတော့တဲ့အပြင် ခင်ပွန်းသည်ကိုလည်း အင်တာနက်မှာ နောက်ထပ်လက်တွဲဖော်ရှာမရအောင်အထိ ပညာပြလိုက်တာဖြစ်ပါတယ်။ မိုက်ခ်လို့ ခေါ်တဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသားဟာ ဇနီးသည်ရှိပေမဲ့ လက်တွဲဖော်ရှာပေးတဲ့ Tider အက်ပလီကေးရှင်းကို အသုံးပြုနေကြောင်း ဇနီးသည်က ဖမ်းမိသွားတာဖြစ်ပါတယ်။
ဇနီးသည်က သူ့ရဲ့ခင်ပွန်းမသိအောင် ခင်ပွန်းသည်ရဲ့ Tinder အကောင့်ထဲ ဝင်ရောက်ပြီး အရှက်ခွဲတဲ့ စာသားတွေရေးသားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အသက်မပြည့်သေးသူတွေကို လက်ထပ်ထားတာ ဖြစ်ကြောင်း၊ လိင်ကတစ်ဆင့်ကူးစက်ထားတဲ့ ရောဂါတွေရှိကြောင်း၊ ဒီလိုပဲ အင်တာနက်မှာလိမ်ညာလှည့်ဖြားနေတာ အတော်ကြာပြီဖြစ်ကြောင်း၊ မင်းဘက်က စပြီးမိတ်ဆက်လာလို့ မမှတ်မိရင်ခွင့်လွှတ်စေချင်ကြောင်း စတာတွေ ရေးသားပြီး တင်ထားခဲ့တာဖြစ်ပါတယ်။
play

အဆိုပါ အမျိုးသားရဲ့ အဖြစ်ဟာ လူမှုကွန်ရက်မှာ အတော်နာမည်ကြီးသွားခဲ့ပါသေးတယ်။ Tinder မှာရေးသားခဲ့တဲ့ စာအရ သူမဟာ ခင်ပွန်းဖြစ်သူကို ထားပစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။
Source : Mirror  Credit :duwun