ကိုယ်လုံးတီး အိပ်စက်ခြင်းကပေးမယ့် အကျိုးကျေးဇူး (၇) ခု

play

အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုပါ။ ကောင်းမွန်စွာ စနစ်တကျ အိပ်စက်နိုင်ဖို့ လိုပါတယ်။ ညစဉ်အိပ်ယာဝင်ကြတဲ့အခါ အဝတ်အစားမပါပဲ ကိုယ်လုံးတီးအိပ်စက်တာက ပိုကောင်းတယ်လို့ ဆေးပညာရှင်တွေက ထောက်ခံပေးထားပါတယ်။ ကိုယ်လုံးတီး အိပ်တဲ့အခါ ရလာမယ့် အကျိုးကျေးဇူးတွေကတော့….
၁။ ပိုက်ဆံကုန်သက်သာစေတယ်။
ဟုတ်ပါတယ်။ အနည်းဆုံးတော့ သင်ညဝတ်အင်္ကျီဝတ်စရာမလိုတော့ပါဘူး။ ညဘက်ဘာဝတ်အိတ်ရင် ပိုသင့်တော်မလဲ ဆိုတာလည်း စဉ်းစားစရာ မလိုတော့ပါဘူး။
၂။ လွတ်လွတ်လပ်လပ်ရှိတယ်
အဝတ်မပါပဲ အိပ်ယာပေါ် လှဲနေရတဲ့ အရသာက တစ်မျိုးဆန်းသစ်ပါတယ်။ ပိုပြီးလွတ်လပ်မှု ရှိသလို၊ ပျော်ရွှင်မှုကိုလည်း ပေးပါတယ်။
play

၃။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်
ကိုယ်လုံးတီး အိပ်စက်မှုက ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်ဖြစ်စေတယ်လို့ ဆေးသုတေသီပညာရှင်တွေက ဆိုကြပါတယ်။
၎။ အသားအရေအတွက် ကောင်းစေတယ်
ညအိပ်ချိန်မှာ အဝတ်ဝတ်ထားတဲ့ အခါ အသားအရေ လေထုနဲ့ ထိတွေ့မှု နည်းပါးသွားပါတယ်။ အဝတ်မပါတဲ့ အခါမှာတော့ လေထုနဲ့ အသားအရေ ထိတွေ့စေတဲ့အတွက် အသားအရေရဲ့ကျန်းမာရေးကို ပိုကောင်းစေပါတယ်။
play

၅။ ကောတီဇုန်းဓါတ်ကို ထိန်းညှိပေးတယ်
ခန္ဓာကိုယ်အတွင်း ဓာတ်မတည့်တာတွေ တိုက်ဖျက်ပေးတဲ့ ကော်တီဇုန်းဓါတ်က အရေးကြီးပါတယ်။ ဒီကော်တီဇုန်းဓာတ် ပုံမှန်ဖြစ်စေဖို့ အဝတ်မပါပဲ အိပ်စက်ခြင်းက ကူညီပေးပါတယ်။
၆။ ဟိုမုန်းဓာတ်ဖွံ့ဖြိုးစေတယ်
အဝတ်ချွတ်အိပ်တဲ့အခါ နှစ်နှစ်ခြိုက် အိပ်ပျော်စေတယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီးပါပြီ။ နှစ်ခြိုက်စွာ အိပ်ရတဲ့အခါ ရလာတဲ့ အကျိုးကျေးဇူးကတော့ ကိုယ်တွင်းဟိုမုန်းဓာတ် ဖွံ့ဖြိုးလာတာပါပဲ။
၇။ လိင်မှုဘဝ သာယာစေတယ်
အထူးသဖြင့် အမျိုးသားတွေအတွက်ဖြစ်ပါတယ်။ အဝတ်မပါပဲ အေးချမ်းတဲ့ အခြေအနေမျိုးမှာ အိပ်စက်ရတဲ့ အခါ သုတ်ပိုးတွေကိုကျန်းမာစေပြီး ပြန်လည်ထုတ်လုပ်ပေးမှုမှာလည်း အားကောင်းစေပါတယ်။
Source & Photos : Life  Credit :duwun


Share on Google Plus

About Myanmar Magazine