အိမ်ထောင်သက်တမ်း (၇၀) နှစ်မြောက် နှစ်ပတ်လည်နေ့ အဘိုးနဲ့အဘွားစုံတွဲပုံတွေဟာ အချစ်စစ်တကယ်ရှိကြောင်း ပြန်လည်ယုံကြည်စေလာ



မျက်မှောက်ခေတ် အွန်လိုင်းပေါ်ဒိတ်လုပ်မှုက စံတစ်ခုဖြစ်လာပေမယ့် အပြင်လောကမှာ အချစ်ဇာတ်လမ်းတချို့တော့ ရှိနေပါသေးတယ်။ အဲဒါက အချစ်စစ်ဆိုတာ တကယ်ကို ရှိသေးကြောင်း ကျွန်ုပ်တို့ကို မျှော်လင့်ချက်အနည်းငယ် ရရှိစေပါတယ်။ (၇၀) နှစ်မြောက် နှစ်ပတ်လည်နေ့ ကျင်းပနေတဲ့ ဒီစုံတွဲနှစ်ဦးဆီကနေ ကျွန်ုပ်တို့ရဲ့ အချစ်စစ်အပေါ် ယုံကြည်မှု ပြန်လည်ရယူကြရအောင်။ ဒီစုံတွဲနှစ်ဦး ဒီနှစ်ဒီကာလထိအတူပေါင်းသင်းပြီးနောက်မှာ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ ရှိနေကြတုန်းပဲ လို့ Madge နဲ့ Don တို့ရဲ့ မြေးမလေး Lucy က ပြောပြခဲ့ပါတယ်။

သူတို့ဘယ်လောက်ထဲ သဲသဲလှုပ်ချစ်ခဲ့ကြသလဲဆိုတာလေး အချစ်စစ်ကို တန်ဖိုးထားသူတွေအတွက် ပြောပြပေးချင်ပါသေးတယ်။

ဆောင်းရက်တစ်ခု မိတ်ဖွဲ့ပါတီတစ်ခုမှာ Don ဟာ အစောကြီးရောက်လာပြီး ဧရာမဖရုံသစ်တစ်လုံး ထွင်းထုနေတဲ့ သေးသေးသွယ်သွယ် မိန်းကလေးတစ်ဦးကို စတွေ့ခဲ့ရာကနေ  သူ့ဖူးစာရှင်ဟာ သူမပဲလို့ သိလိုက်ပါတယ်။ သူ ရေတပ်မှာ တာဝန်ထမ်းဆောင်နေချိန် သူတို့ တစ်ဦးကိုတစ်ဦး နေ့တိုင်း စာပေးပို့ခဲ့ကြပါတယ်။ သင်္ဘောမတက်ခင် သူက ကိုယ်ချစ်ရသူကို လက်ထပ်ခွင့်ပန်ချင်ခဲ့ပေမယ့် လက်စွပ်ဝယ်ရတာ အနည်းငယ်ခက်ခဲနေခဲ့ပါတယ်။

 ဒါပေမယ့် Donဟာ ခြံ စည်းရိုးခုံကျော်ပြီး မြို့ထဲပြေးဖို့အတွက် အစောင့်တွေကို အချိန်ကိုက်သေချာအစီအစဉ်ချ ကြိုးစားခဲ့ပါတယ်။ "ဒါအမှန်ပဲ၊ လက်စွပ်ဝယ်ဖို့ AWOL ကို သူ သွားရောက်ခဲ့တာ" လို့ Lucy က ပြောပါတယ်။ သူ့ဘောင်းဘီတစ်ဘက် ခြံစည်းရိုးအပေါ်က ခုန်အဆင်းမှာ ပေါက်ပြဲသွားခဲ့ပါတယ်။ အဲ့လိုပုံနဲ့ လက်ဝတ်ရတနာဆိုင်ကို ရအောင်ရှာပြီး သူ စေ့စပ်လက်စွပ်တစ်ကွင်း လိုအပ်ချင်ကြောင်းနဲ့ သူ့မှာ ဒေါ်လာ ၂၀၀ ရှိကြောင်း ပြောပြခဲ့တယ်လို့ Don က ဇာတ်လမ်းရဲ့တစ်စိတ်တစ်ဒေသကို ရယ်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။ သူဟာ အမိမခံရဘဲ ဌာနချုပ်ကို ပြန်ရောက်သွားခဲ့ပြီး လက်စွပ်ကို Madge ဆီ စာတိုက်ကနေတဆင့် ပေးပို့ခဲ့ပါတယ်။ Madge မှာလည်း အဲ့ဒီအချိန်က လက်စွပ်လက်ခံရရှိတဲ့အခါ ဖွင့်ကြည့်ဖို့ အရမ်းရင်ခုန်စိတ်လှုပ်ရှားခဲ့ပါတယ်တဲ့။ ခုအချိန်မှာတော့ အိမ်ထောင်သက်တမ်း နှစ်ပေါင်း ၇၀ ရှိနေပြီဖြစ်ပြီး သားသမီး ၄ ယောက်၊ မြေး ၁၀ ယောက်ရှိတယ်လို့ Lucy က ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ပတ်လည် ဓာတ်ပုံမှာ Madge စွပ်ထားတဲ့ လက်စွပ်က ပျားရည်ဆမ်းခရီးမှာ Don ဆီကရတဲ့ လက်ဆောင်ပဲ ဖြစ်ပါတယ်။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.