Breaking News

တစ်ညကို မြန်မာငွေ သိန်း ၁၀၀ ပေးပြီး ခိုင်လီဂျန်နာတည်းခိုခဲ့တဲ့ မီယာမီက အိမ်ကြီး

play

ခိုင်လီဂျန်နာဟာ အလန်းစားရေကူးကန်ကြီးထဲမှာ ဘီကီနီလေးဝတ်လို့ ဓာတ်ပုံတွေ ရိုက်ပြီး အင်စတာဂရမ်မှာ တင်ခဲ့တာကို အားလုံးတွေ့မြင်ကြမှာပါ။
play

မီယာမီက Hibiscus ကျွန်းပေါ်မှာရှိတဲ့ အဲဒီအိမ်ကြီးတစ်လုံးလုံးကို ခိုင်လီဂျန်နာက ငှားရမ်းထားတာဖြစ်ပါတယ်။ Art Basel အနုပညာပွဲကို တက်ရောက်ဖို့ မီယာမီကို ရောက်နေတဲ့ ခိုင်လီဟာ အဲဒီအိမ်ကြီးမှာ ချစ်သူ တိုင်ဂါနဲ့ သူငယ်ချင်းတွေနဲ့အတူ နေနေတာပါ။
play

ခေတ်မီအိမ်ကြီးနဲ့အတူ လှပလွန်းတဲ့ ရေကူးကန်ကြီးလည်းပါဝင်ပြီး ခိုင်လီအတွက် ဓာတ်ပုံတွေ ရိုက်ချင်စရာနေရာတစ်ခုဖြစ်နေပါတယ်။
play

အိမ်ကြီးကို အစိမ်းရောင်တောက်တောက် မြက်ခင်းပြင်နဲ့ ဝန်းရံထားပြီး ကမ်းခြေဘက်ကပ်လျက်မှာတော့ လိမ္မော်ရောင်နဲ့ အဖြူရောင် ခုံတွေ ချထားကာ အပေါ်က ထီးဖြူဆောင်းထားပေးပါတယ်။
play

အိမ်အပြင်မှာ အသားကင်မီးဖိုလေးလည်း လုပ်ထားပေးပါသေးတယ်။
play

အိမ်ထဲမှာတော့ ရုပ်ရှင်ရုံတစ်ရုံ၊ မီးဖိုချောင်ကျယ်၊ အိပ်ခန်း ၆ ခန်းနဲ့ ကျယ်ပြန့်လှတဲ့ ဝရံတာတစ်ခု ထည့်ထားပါတယ်။
play

Source & Photos : Daily Mail  Credit :duwun