အဆင့်အတန်း ကွာလွန်းတဲ့ ချစ်သူ ကို ကျောခိုင်းသင့်သလား … ?


ချစ်သူ
အဆင့်အတန်း ကွာလွန်းတဲ့ ချစ်သူ ကို ကျောခိုင်းသင့်သလား … ? ကျွန်မက တက္ကသိုလ်တစ်ခုမှာ တက်ရောက်ပညာသင်နေတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မတို့ဟာ တောရွာတစ်ခုက လယ်သမားမျိုးရိုးဖြစ်ပေမယ့် လက်ငုပ်လက်ရင်းဘိုးဘွားပိုင် မြေဧက (၂၀၀) ကျော်ရှိပါတယ်။ နောက်ထပ် တိုးပွားလာတဲ့ လယ်တွေယာတွေ မပါသေးပါ။
ငါးမွေးမြူရေး၊ ကြက်/ဘဲမွေးမြူရေး၊ ဆန်စက်/ဆီဆက်တွေလည်း ရှိပါတယ်။ ကျွန်မက တစ်ဦးတည်းသော သမီးဖြစ်တဲ့အတွက် ဒီအမွေတွေဟာ ကျွန်မရမယ့် အရာတွေပါဘဲ။ ဒါပေမယ့် ကျွန်မ အမေရဲ့ ရာဇသံကလည်း ရှိပါတယ်။ သူတို့ပေးစားတဲ့သူနဲ့မှ မယူရင် ဒီအမွေတွေ ကျွန်မတစ်ပြားသားမှ မရဘူးလို့ ယတိပြတ်ပြောပြီးသား ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ တက္ကသိုလ်ဒုတိယနှစ် ရောက်တဲ့အထိ ချစ်သူမထားဘဲ စားကို ကြိုးကြိုစားစား သင်ယူခဲ့ပါတယ်။
ကျွန်မစိတ်ထဲမှာလည်း အမွေတွေကို မက်လို့မဟုတ်ပါဘူး … မိဘစိတ်ဆင်းရဲမယ့်ကိစ္စမျိုး လုံးဝမလုပ်ဖူးလို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တတိယနှစ်အရောက်မှာ ကျွန်မ ကောင်လေးတစ်ယောက်နဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ကျွန်မ အဆောင်ကနေ ကျောင်းကို အမြဲတမ်းဆိုင်ကယ်ကယ်ရီနဲ့ လိုက်ပို့တဲ့ ကောင်လေးနဲ့ပါ။ ကျွန်မထက် တစ်နှစ်ငယ်ပါတယ်။ချစ်သူ
ကျွန်မအနေနဲ့လည်း သူ့ကို အရမ်းချစ်ပါတယ်။ ဒါပေမယ့် လက်ရှိ အနေအထားအရတော့ သူနဲ့ ကျွန်မဟာ အဆင့်အတန်း အလွန်ကွာပါတယ်။ ကျွန်မမိဘက လက်ခံနိုင်မယ့် အနေအထားမျိုး မဟုတ်ပါ။ ကျွန်မအနေနဲ့လည်း အလွန် အကြံရခက်နေပါတယ်။ ရှေ့ဆက်သင့်သလား … ဒီအတိုင်း သစ်စိမ်းချိုးချိုးခဲ့ရမလား … အကြံဉာဏ်ပေးစေလိုပါတယ်။
လူတစ်ယောက် အဆင့်အတန်း မြင့်ခြင်းမမြင့်ခြင်းကို ပိုင်ဆိုင်မှုတွေ ပညာအရည်အချင်းတွေနဲ့ သတ်မှတ်တာမဟုတ်ပါဘူး။ စိတ်ကောင်းရှိရမယ်၊ ရိုးသားရမယ်၊ ကြိုးစားလိုစိတ်ရှိရမယ်၊ သစ္စာရှိရမယ်၊ ထက်မြတ်တဲ့ တွေးခေါ်မျှော်မြင်နိုင်စွမ်း ရှိရင် အဲဒီလူမျိုးဟာ အခုမကြီးပွားလည်း နောင် ကြီးပွားမှာ မလွဲပါဘူး။
ဒါပေမယ့် လက်ရှိ လောကကြီးကိုက လူတစ်ယောက်ရဲ့ အဆင့်အတန်းကို အပေါ်ယံရုပ်ဝါဒနဲ့ မတည်မြဲတဲ့ပိုင်ဆိုင်မှုတွေကိုမှ အဆင့်အတန်းရှိတယ်လို့ နားလည်လက်ခံထားတော့လည်း … ဒီကိစ္စက ပြောရ ခက်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဒီကောင်လေးကို အကျင့်စာရိတ္တလည်း ကောင်းမွန်တယ်၊ ရိုးသားကြိုးစားတယ်လို့ မိမိဘက်ကသာ အခိုင်အမာယုံကြည်ရင် သူ့လက်ကို ယုံယုံကြည်ကြည် ကိုင်ဆုပ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
မိဘဆိုတာ သားဆိုးသမီးဆိုးကို ဘယ်တုန်းကမှ ပစ်ရိုးထုံးစံ မရှိခဲ့ပါဘူး။ အဲဒီလို ယုံကြည်မှု မရှိဘဲ၊ ယုံကြည်ရတဲ့ အချက်အလက် မရှိဘဲနဲ့တော့ စိတ်ကို အလိုလိုက်ပြီး အရဲမစွန့်ပါနဲ့။ မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်သွားနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
ဒါကြောင့် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်ချက်ချပါ။ အဲဒီအတွက်လည်း တာဝန်အပြည့်အ၀ ယူဖို့ ပြင်ထားမှ တော်ကာကျမဲ့ကိစ္စဖြစ်ပါတယ်။
Credit:Shwemom


Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.