Breaking News

အကြိမ် လေးသောင်းကျော် အဓမ္မကျင့်ခံခဲ့ရသည့် အမျိုးသမီးက ကျွန်ပြုခံရသူများကို ကူညီပေးသွားမည်

play

ဆယ်ကျော်သက်ဘဝမှာ လိင်ကျေးကျွန်အဖြစ် ရောင်းစားခံခဲ့ရပြီး အကြိမ်ပေါင်း လေးသောင်းကျော် အဓမ္မကျင့်ခံခဲ့ရတဲ့ အမျိုးသမီးက သူ့လို ခံစားရတဲ့အခြားသော မိန်းကလေးငယ်တွေကိုလည်း ကူညီသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ခါလာလို့ အမည်ရတဲ့  မက္ကဆီကိုနိုင်ငံသူ အဆိုပါ အမျိုးသမီးငယ်ဟာ အသက် ၁၂ နှစ်အရွယ်မှာတင် သတို့သမီးအဖြစ် ရောင်းစားခံခဲ့ရတာပါ။ အဲဒီနောက် လိင်ကျေးကျွန်းအဖြစ် လူကုန်ကူးခံခဲ့ရပြီး အသက် ၁၆ နှစ်အရွယ်နဲ့တင် အကြိမ်ပေါင်း သောင်းနဲ့ချီ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ လိင်ကျေးကျွန်းတစ်ဦးအဖြစ် ရှိနေတုန်းမှာ တစ်နေ့ကို အမျိုးသား လေးဦးခန့်နဲ့ အတူအိပ်ပေးဖို့ ခိုင်းစေခံရပြီး လေးနှစ်တာလုံးလုံး အဲဒီဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။
play

၂၀၀၈ ခုနှစ်မှာ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် သူမဟာ ရောင်းစားခံရတဲ့ ဘဝကနေ လွတ်မြောက်ခဲ့ရတာပါ။ ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ဆုံပြီးနောက်ပိုင်း သူမလိုပဲ ခံစားခဲ့ရသူတွေအတွက် ဖေးမကူညီပြီးဆောင်ရွက်ပေးသွားမယ်လို့ ခါလာက ကတိပြုလိုက်တာဖြစ်ပါတယ်။ အခုတော့ သူမဟာ ကမ္ဘတစ်လွှားခရီးတွေသွားနေပြီး အခြားသာ လူကုန်ကူးခံရသူတွေအတွက် လိုအပ်တာတွေကို ဆောင်ရွက်ဖြည့်ဆည်ပေးသူ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦး အဖြစ်ရပ်တည်နေပါပြီ။
play
လူကုန်ကူးမှုများ ရှိရာ မက္ကဆီကို

မက္ကဆီကိုမှာ တစ်နှစ်ကို အမျိုးသမီးနှစ်သောင်းခန့် လူကုန်ကူးခံနေရတယ်လို့ တွက်ချက်ထားပါတယ်။ CNN နဲ့ အင်တာဗျူးမှာတော့ ခါလာက သူမလိင်ကျေးကျွန်ဘဝနဲ့ နေခဲ့ရတုန်းက အဓမ္မကျင့်သူတွေထဲမှာ ရဲဝတ်စုံနဲ့ သူတွေတောင် ပါတယ်လို့ ပြောထားပါတယ်။
Source : Mirror Credit :duwun