Breaking News

ဘုန်းကညာနှစ်ပါး ဇာတ်ကားရိုက်ရင်း သွားကျိုးသွားတဲ့ဖွေးဖွေးက ပွဲကြမ်းမယ်ဇာတ်ကားရိုက်ကူးရင်းနဲ့လဲ တစ်ကိုယ်လုံးအညိုအမည်း စွဲသွားကြောင်းဖွင့်ဟ




ခရီးတွေထွက်ကြော်ငာတွေရိုက်ကူးရင်း ရုပ်ရှင်ကားတွေကိုဖြေးဖြေးနဲ့မှန်မှန်ရိုက်ကူးနေသူကတော့ ပရိသတ်များအသည်းစွဲချစ်ခင်ကြတဲ့ ဖွေးဖွေးပါ။ ဖွေးဖွေးဟာမကြာသေးခင်ကမှ True Money နဲ့အတူ ဘန်ကောက်မှာရှိတဲ့ မြန်မာပရိသတ်တွေနဲ့သွားရောက်တွေ့ဆုံပြီးပြန်လာခဲ့ပါတယ်။ ဒါ့အပြင် ဘုန်းကညာနှစ်ပါး၊ ပွဲကြမ်းမယ် အပါအ၀င် အခုလက်ရှိမှာလဲ သူ့ရဲ့ဆရာဖြစ်တဲ့ ဒါရိုက်တာဝိုင်း၊ မင်းသားမြင့်မြတ်နဲ့အတူ ဘယ်ညာဘယ်ညာဆိုတဲ့ ရုပ်ရှင်ကားကြီးကိုပါဝင်ရိုက်ကူးနေတာကြောင့် သူမရှိတဲ့ ရိုက်ကွင်းကို သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။

အခုလက်ရှိ အနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး ဖွေးဖွေးက ‘ အခုကိုဝိုင်း၊ မင်းသားကိုမြင့်မြတ်နဲ့အတူ ဘယ်ညာဘယ်ညာဆိုတဲ့ ကားလေးရိုက်နေတယ်။ ကိုဝိုင်းကားရိုက်ပြီဆိုဖွေးက ဘာမှထပ်လက်မခံဘူး။ ထပ်မလုပ်တာ များပါတယ်။ အဲဒီကားတစ်ကားထဲကိုပဲ အာရုံစိုက်ပြီး လုပ်လေ့ရှိလို့ပါ။’ တဲ့။

မခိုင်လေးနဲ့တွဲဖက်ရိုက်ကူးထားတဲ့ ပွဲကြမ်းမယ်ဇာတ်ကားအကြောင်းကိုလဲ ‘ ဒီကားရဲ့အရှေ့မှာတော့ ဖွေး မခိုင်သင်းကြည် ဒါရိုက်တာ ပွင့်သိင်္ဂီဇော်တို့နဲ့အတူ ပွဲကြမ်းမယ်ဆိုတဲ့ ကားရိုက်ထားတယ်။ ဖိုက်တင် comedy ဇာတ်ကားမျိုးပေါ့။ ဖွေးကြိုးစားထားတယ်။ ကိုမင်းရာဇာကတော့ ဖိုက်တင်သင်ပေးတယ်။ အမှန်အတိုင်းပြောရရင် ထရိန်နင်ကို ဖွေးက နှစ်လလောက်ကြိုလုပ်ချင်တာ။ ဒါပေမဲ့ တကယ်တမ်းရိုက်တော့ ထရိန်နင်က တစ်ပတ်မှာသုံးရက်လောက်ပဲသေချာကျင့်လိုက်ရတယ်။ ကျေတော့ကျေနပ်တယ်။ ဒါပေမဲ့ ဖွေး ၂လလောက်တော့ကြိုလုပ်ချင်တယ်။ ဘာလို့လဲဆိုတော့ ဖွေးကမရိုက်ခင် အရမ်းပြင်ဆင်ချင်လို့ပါ။’ လို့ သူမက ဇာတ်ကားအတွက် ပြင်ဆင်ချိန်ပေးပုံနဲ့ ပတ်သက်ပြီး ပြောပြသွားခဲ့ပါတယ်။

ဖိုက်တင်ပိုင်းမှာကြုံတွေ့ရတဲ့ အခက်အခဲတွေအကြောင်း သူမကို မေးကြည့်ဖြစ်တော့ ‘ သိပ်မရှိပါဘူး။ အကြောတွေလျှော့တယ်။ အကြောတွေညပ်တယ်။ ရုပ်ရှင်တစ်ခုမှာ ဒဏ်ရာတစ်ခုစီရတယ်။ အဲ့ပွဲကြမ်းပြီကားမှာဆိုရင်လဲ တစ်ကိုယ်လုံး အညိုအမည်းတွေစွဲတယ်။ အဲ့ဒါလဲကိုယ့်ဟာကိုယ်အိမ်ပြန်ရောက်မှ သိတယ်။ ကိုယ်ကဇောနဲ့လုပ်နေတော့ မသိဘူး။ ပွဲကြမ်းပြီရဲ့အရှေ့မှာကိုမြင့်မြတ်နဲ့တစ်ကားရိုက်တယ်။ ဘုန်းကညာနှစ်ပါး။ အဲ့ဒီကားရိုက်တုန်းကလဲ သွားကျိုးသွားတယ်။ ကိုမြင့်မြတ်နဲ့ဖွေးနဲ့ဝိဥာဉ်ပြောင်းသွားတဲ့ကားပေါ့။ အဲ့ဒီမှာဖွေး ကွမ်းစားတဲ့ အခန်းရိုက်တော့ ကွမ်းသီးကပြုတ်ထားတာလားမသိဘူး။ ကိုယ်က mood နဲ့လုပ်လိုက်တော့ ဂျွတ်ဆိုပြီးကျိုးသွားတယ်။ အဲ့ဒါလေးပေါ့။ အရင်တုန်းကတော့ ဖွေးဇာတ်ကားတွေရိုက်လို့ကိုယ့်ကိုထိခိုက်မိရင် ထည့်ပြောလေ့မရှိပါဘူး။ နောက်ပိုင်းကျရင်တော့ဖွေးပြောတော့မယ်။ ဘာတွေထိခိုက်လဲဆိုတာပြောပြပါမယ်။’ လို့  ဆိုသွားပါတယ်။

သူမရဲ့ပရိသတ်တွေအတွက်လည်း ဖွေးစိန်က ‘ ပရိသတ်က ခုချိန်ထိဖွေးဆိုတာကို အားမပေးရင် ဖွေးဖွေးဆိုတာဖြစ်လာမှာ မဟုတ်ပါဘူး။ ဖွေးအခုလိုအလုပ်ကို ကျဲကျဲလေးနဲ့မှန်မှန်လေးလုပ်နေတာကို စိတ်ရှည်ပြီးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ မီဒီယာတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်"လို့ ပြောပြပေးသွားပါတယ်။

Credit :Trend Myanmar