Breaking News

အချစ်ကို ဝေစားကြတဲ့ ညီအစ်မများ

play

"တကယ်ကောင်းတဲ့ ရဲဘော်ရဲဘက်စိတ်ပဲ။ ကောင်းတဲ့ကိစ္စလို့ ထင်ပါတယ်" လို့ အမြွှာညီမ ဗစ်ကီနဲ့ တစ်ဝမ်းကွဲညီမ အလီနာတို့နဲ့အတူ ခင်ပွန်းတစ်ဦးတည်းကို မျှဝေချစ်ဖို့ ရွေးချယ်ခဲ့တဲ့ ဗာလာရီဒါဂါက ပြောပါတယ်။
ခင်ပွန်းသည် ဂျိုးဒါဂါအတွက်ကတော့ ပျော်တယ်ဆိုတာထက် ပိုတာပေါ့။
ဇနီး ၃ ယောက်ရှိရတာ သူ့အတွက်တော့ ဘုရားသခင်ရဲ့ ကောင်းချီးတစ်ခုပဲလို့ ဂျိုးက ပြောပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ဘဝ အသေးစိတ်ကို Love Tmes Three ဆိုတဲ့ သူတို့ရဲ့ဘလော့ဂ်မှာတောင် တင်ထားပါသေးတယ်။
လူတွေမေးချင်တဲ့စကားက ညအိပ်ချိန်မှာ သူတို့ ဘယ်လို ဖြေရှင်းကြလဲဆိုတာပါပဲ။
"အလှည့်ကျစနစ်ပေါ့။ ဒီည ကျွန်မနဲ့ဆိုရင် နောက်တစ်ညက ဗာလာရီနဲ့၊ နောက်တစ်ညက ဗစ်ကီနဲ့။ အဲဒီနည်းနဲ့ပဲ အလှည့်ကျ ပြန်စတယ်" လို့ အယ်လီနာက ရှင်းပြပါတယ်။
သူတို့သုံးယောက်တင် အဆင်ပြေနေတာ မဟုတ်ပါဘူး။ ဗစ်ကီရဲ့ သမီးလေး လစ်ဆယ်လ်က အမေ သုံးယောက်ရှိတာ ကောင်းတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမေအရင်းနဲ့တော့ သူမက အရင်းနှီးဆုံးပါပဲ။
အခွင့်အရေးရရင် နောက်ထပ် ဇနီးလိုချင်သေးလားလို့ ဂျိုးကို မေးမြန်းတဲ့အခါမှာတော့ သူက ရောင့်ရဲတင်းတိမ်တတ်ပါတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ "ဘယ်တော့မှ ဆိုတဲ့စကားကို ဘယ်တော့မှ မသုံးပါဘူး" လို့ သူက ပြန်ဖြေခဲ့ပါတယ်။
Source & Photo : Life Death Prizes