Breaking News

သွေး စုပ်ချင်တဲ့ချစ်သူကို လက်မောင်းဖောက် သွေး စုပ်ခိုင်းပြီး သတ်ပစ်တဲ့အမျိုးသမီး

Springfield, Missouri

အမေရိကန်နိုင်ငံ Springfield, Missouri မှာနေထိုင်တဲ့ Victoria Vanatter လို့အမည်ရတဲ့ အမျိုးသမီးဟာ သူ့ချစ်သူက သွေး စုပ်ဖုတ်ကောင်ဖြစ်ချင်ကြောင်း၊ သွေးကို သောက်လိုကြောင်း ပြောခဲ့လို့ လက်မောင်းကို ဖောက်စေပြီး၊ သွေးစုပ်စေခဲ့တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းမှာ ရေးထားပါတယ်။Springfield, Missouri
Victoria ရဲ့ ခွင့်ပြုမှုကြောင့် သူ့ချစ်သူကလည်း လက်မောင်းကို ဓားနဲ့လှီးကာ သွေးစုပ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ သွေးစုပ်ဖုတ်ကောင်တွေအကြောင်း ဆွေးနွေးကြရင်း တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုန်ဖြစ်ကာ Victoria ရဲ့ ဓားချက်နဲ့ သွေးစုပ်ကောင်ဖြစ်ချင်တဲ့ ချစ်သူ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ဖြစ်ခဲ့တဲ့ ဒီလူသတ်မှုမှာ Victoria ကို Springfield ရဲ့တပ်ဖွဲ့က လူသတ်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။သေဆုံးသူရဲ့ အလောင်းကို စစ်ဆေးတဲ့အခါမှာတော့ နောက်ကျောနဲ့ ပခုံးမှာ ဓားဒဏ်ရာတွေ တွေ့ရပါတယ်။ သူမရဲ့ ချစ်သူကလည်း Victoria ကို အချက်ပေါင်းများစွာ ထိုးကြိတ်ကန်ကျောက်ခဲ့လို့ လူသတ်တရားခံမှာလည်း ဒဏ်ရာတွေ ရရှိထားပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်ပြီး Victoria ကို ရဲ့ ရှေ့နေ Steve Kellogg က မှတ်ချက်ပြောကြားလိုခြင်း မရှိကြောင်း၊ တရားခံနဲ့လည်း စကားမပြောရသေးကြောင်း ငြင်းပယ်ခဲ့ပါတယ်။ Springfield ရဲ့တပ်ဖွဲ့မှ စုံစမ်းရေးအရာရှိ Scott Hill ရဲ့ မှတ်တမ်းထဲမှာတော့ သေဆုံးသူနဲ့ တရားခံနှစ်ယောက်စလုံးဟာ သွေးတွေ မြင်မကောင်းအောင် ပေပွနေတယ်လို့ မှတ်သားထားပါတယ်။

သေဆုံးသူအမျိုးသားရဲ့ ရင်ဘက်မှာ လက်ဝါးကပ်တိုင်ပုံစံ ဓားနဲ့ရေးခြစ်ထားတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် တရားခံ Victoria ကိုယ်တိုင်က ခံဝန်ချက်မှာ သူမဘာသာ လက်မောင်းကို ပြန်ဖောက်ပြီး ကိုယ့်သွေးကိုသောက်ခဲ့ကြောင်း၊ သူမက လူသတ်ရာဇာတစ်ယောက်ဖြစ်ချင်ကြောင်း ၀န်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့ပေမယ့် သတင်းမှာ ကွဲလွဲချက်တစ်ခုရှိနေပြီး Victoria က လူသတ်မှုကိုတော့ ၀န်ခံမထားပဲ သေဆုံးသူ ရရှိထားတဲ့ ဓားဒဏ်ရာတွေဟာ သေဆုံးသူကိုယ်တိုင် ထိုးသွင်းထားတဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ ငြင်းဆန်ခဲ့ပါတယ်။ သေဆုံးသူရဲ့ အမည်ကို ရဲမှတ်တမ်းမှာတော့ B.H လို့သာ ဖော်ပြထားပါတယ်။ Victoria ဟာ အခုအခါမှာတော့ ထောင်ထဲမှာ ပေါင် 120000 အာမခံနဲ့ နေထိုင်နေရပါတယ်။

Credit:Shwemom

source : metro.co.uk