Breaking News

သင့်ကောင်လေး အမေ နှင့် ရင်းနှီးအောင် ကူညီပေးမယ့် နည်းလမ်း (၇)ခု


famaily
သင့်ကောင်လေး အမေ  နှင့် တွေ့ဖို့ စိုးရိမ်နေသလား။ သင့်ကို သဘောမကျမှာ စိတ်ပူနေသလား။ သင့်ယောက္ခမလောင်း သဘောကျအောင် လုပ်ဖို့ဆိုတာ ကိုရီးယားကားတွေထဲကလို မခက်ခဲပါဘူး။ ယခုဖော်ပြမယ့် ရိုးရှင်းတဲ့နည်းလမ်းတွေကို သင် အသုံးချမယ်ဆိုရင် ယောက္ခမလောင်းက သင့်ကို အမှန်တကယ် သဘောကျလာမှာပါ။
(၁) အမျိုးသမီးတစ်ဦးအဖြစ် ရင်းနှီးအောင် လုပ်ပါ
ယောက္ခမလို့ ဆိုလိုက်တာနဲ့ သင့်မျက်စိထဲမှာ သင့်ကောင်လေး ငယ်ငယ်တုန်း သူမ ထိန်းကျောင်းမယ့်ပုံကို သင် ပြေးမြင်မိမှာပါ။ သူမဟာ သင့်ကောင်လေးကို ပြုစုစောင့်ရှောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးထက် ပိုပါတယ်။ သူမနှင့် သင် စကားပြောတဲ့အခါမှာ သင့်ကောင်လေးအမေလို့ စိတ်ထဲ ထည့်မထားဘဲ ပုံမှန်အမျိုးသမီးတစ်ဦးကို ပြောသလို ပြောပါ။
(၂) ပြောရိုးပြောစဉ်စကားလုံးတွေကို ရှောင်ပါ
တွေ့ရတာ ၀မ်းသာပါတယ်၊ နေကောင်းလား အစရှိတဲ့ စကားတွေက ပျင်းစရာကောင်းပါတယ်။ သင့်ကောင်လေးကနေ
တစ်ဆင့် သူမအကြောင်းကို သိနိုင်သမျှ သိအောင် လုပ်ထားပါ။ အကယ်လို့ သူမက အလုပ်ကိစ္စနဲ့ ခရီးထွက်ပြီး
ပြန်လာတယ်ဆိုရင် ခရီးအဆင်ပြေလား မေးမြန်းပါ။ သူမ ရုပ်ရှင်တစ်ကား သွားကြည့်ထားတယ်ဆိုရင် သင်လည်း အဲဒီဇာတ်ကားကို ကြည့်ပြီးကြောင်း ပြောပါ။ သူမဟာ အခုမှ နေကောင်းတာဆိုရင် သူမကျန်းမာရေး
အခြေအနေကို မေးပါ။ သူမကို သင် စိတ်ဝင်စားကြောင်း ပြပါ။
(၃) သူမဘာတွေ စိတ်ဝင်စားတယ်ဆိုတာ သိအောင် လုပ်ပါ
သူမ စိတ်ဝင်စားတာ ရုပ်ရှင်လား တေးဂီတလား အနုပညာလား အစားအစာလား အိမ်မွေးတိရစ္ဆာန်တွေလား ဆိုတာ သိအောင် လုပ်ပါ။ သူမ ဘာကို စိတ်ဝင်စားတယ်ဆိုတာ သိပြီဆိုရင် အဲဒီအရာအကြောင်း လေ့လာထားပါ။ သူမစိတ်ဝင်စားတာတွေ သင် သိတဲ့အတွက် သင့်ကို အထင်ကြီးသွားမှာပါ။
(၄) သူမသားအကြောင်း သင်ကောင်းကောင်းသိတယ်ဆိုတာ ပြပါ
အမေတွေက သူတို့သားကို မိန်းမက ကောင်းကောင်းမစောင့်ရှောက်နိုင်မှာ စိုးရိမ်ကြတယ်။ ပြီးတော့ သင့်ယောက္ခမဟာ သင့်ကောင်လေးအကြောင်း အသေးစိတ်သိတဲ့ တစ်ဦးတည်းသော သူပါ။ ဒါပေမယ့် သားတွေ အရွယ်ရောက်လာတဲ့အခါ အမေတွေဟာ သားတွေအကြောင်း အသေးစိတ်သိအောင် မလုပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် သူမသား မပြောဖြစ်တဲ့ အကြောင်းအရာတွေကို သူမကို ပြောပြပါ။ ပြီးတော့ သင့်ကောင်လေးက ငယ်ငယ်တုန်းက ဘယ်လိုကလေးမျိုးလဲဆိုတာ သူမကို မေးပါ။ ၀မ်းသာကျေနပ်စွာ သင့်ကို သူပြောပါလိမ့်မည်။ ကိုယ့်သားအကြောင်းကို ပြောချင်ကြတာ အမေတွေရဲ့ သဘာဝပါ။
(၅) အကြံညာဏ်တောင်းပါ
မီးဖိုချောင်နှင့် ပက်သက်တာလေးတွေ အိမ်ကို ဘယ်လို လှပအောင် ပြင်ဆင်ရမလဲဆိုတာတွေ သူမကို မေးပါ။ ပြီးတော့ သင့်ကောင်လေးက ဘယ်လိုအစားအသောက်မျိုးကို ကြိုက်တတ်တယ်ဆိုတာ မေးပါ။ အဲဒီလိုမေးခြင်းဖြင့် သူမသားဘ၀မှာ သူမက အရေးပါတယ်လို့ သူမကို ခံစားရစေလို့ သင်မေးတိုင်း ကျေကျေနပ်နပ်နှင့် ဖြေမှာပါ။
(၆) လက်ဆောင်ပေးပါ
လက်ဆောင်သေးသေးလေးတွေ ပေးတာက ကောင်းပေမယ့် လက်ဆောင်အကြီးကြီးတွေ မကြာခဏပေးတာက သူမ၏သဘောတူညီချက်ကို သင် ၀ယ်ဖို့ ကြိုးစားနေတယ်လို့ ထင်သွားနိုင်ပါတယ်။ အဲဒါကြောင့် အသုံးမ၀င်ဘဲ အိမ်မှာ ဖုန်တက်သွားမယ့်ပစ္စည်းတွေကို လက်ဆောင်မပေးပါနှင့်။ သင့်ကောင်လေးကို မေးပြီး သူမကြိုက်တဲ့ ရေမွှေးတွေ၊ အလှပြင်ပစ္စည်းတွေ အ၀တ်အစားတွေကို သူမမွေးနေ့နှင့် သီတင်းကျွတ်လပြည့်နေ့၊ ခရစ်စမတ်လိုနေ့မျိုးမှာ ပေးပါ။
(၇) သူမဟာ သင့်ကောင်လေးရဲ့ အချစ်ဦးဆိုတာ အသိအမှတ်ပြုထားပါ
ယောက္ခမဟာ သင့်ရဲ့ရန်သူတစ်ယောက်မဟုတ်ပါဘူး။ သင့်ကောင်လေးကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူပါ။ သင့်ကောင်လေး၏ငယ်ဘ၀မှာ အရေးအကြီးဆုံးလူတစ်ယောက်ဖြစ်တဲ့အတွက် သူမကို သင် လေးစားပါ။ သူမဟာ ပြီးပြည့်စုံတဲ့ မိခင်တစ်ယောက်မဟုတ်ရင်တောင် ကလေးငယ်လေးတစ်ယောက်ကို သင် သဘောကျလာမယ့် ယောင်္ကျားတစ်ယောက်ဖြစ်အောင် ပြောင်းလဲနိုင်သူပါ။
သင်ဟာ သူ့အမေနှင့် အဆင်ပြေတယ်ဆိုရင် သင့်ကောင်လေးက သင့်ကို ပိုပြီးချစ်လာမှာပါ။ အဲဒါကြောင့် ဒီနည်းလမ်းတွေကို သုံးပြီး သူ့အမေကို သင့်ဘက်ပါအောင် စည်းရှုံးလိုက်ပါ။
Credit:Shwemom