Breaking News

မြင်းနဲ့ခွေးတို့ရဲ့ရင်းနှီးမှု အွန်လိုင်းမှာ လူကြိုက်များ


play

ခွေးတွေနဲ့မြင်းတွေဟာ ရင်းနှီးကျွမ်းဝင်လေ့ရှိကြတဲ့ သတ္တဝါတွေပါ။ ဒါကို တကယ်လက်တွေ့မြင်လိုက်ရရင်တော့ ပိုပြီးကြည်နူးစရာကောင်းပါတယ်။ အင်္ဂလန်နိုင်ငံ Devon ဒေသက လမ်းပေါ်မှာ သူတို့နှစ်ကောင်ကို ခုလိုမြင်ခဲ့ရတာကို မျက်မြင်တွေ့ခဲ့သူက အွန်လိုင်းပေါ်မှာ တင်လိုက်ရာက ပြန်လည်မျှဝေသူ များပြားလာပါတယ်။
ပုံထဲမှာ မြင်ရတဲ့အတိုင်း မြင်းလေးရဲ့ကျောပေါ်မှာ ခွေးလေးက ခြေစုံရပ်ကာ လိုက်ပါနေခဲ့တာပါ။ မြင်းလေးကလည်း ခွေးကို ကြည်ကြည်ဖြူဖြူနဲ့ပဲ တင်ဆောင်ရင်း လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ပါတယ်။
Source : Metro 

Credit :duwun