Breaking News

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ကာဂျစ်စတန်အသင်းကို ယူ ၁၉ အသင်းကို မြန်မာအနိုင်ရ

play

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ ၂၁၀၇ အာရှယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စု(ဂ) ခြေစစ်ပွဲမှာ မြန်မာယူ-၁၉ အမျိုးသမီးအသင်းက ကာဂျစ်စတန်ယူ-၁၉ အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ပွဲစဉ်မှာ မြန်မာအမျိုးသမီးအသင်းက ပါလက်စတိုင်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ကလူစာရင်းအတိုင်းပဲ ပွဲထွက်ခဲ့တာကို တွေ့ရပါတယ်။ မြန်မာအသင်းက ကာဂျစ်စတန်အသင်းကို ပွဲချိန်တစ်လျောက်လုံး ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ထိုင်းအသင်းက ကာဇက်စတန်အသင်းကို သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်အတိုင်းမသွင်းနိုင်ခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ ရုန်းကန်ရမယ့် အနေအထားကိုရောက်ရှိသွားပြီလို့ပြောရမှာပါ။
မြန်မာယူ ၁၉ အမျိုးသမီးအသင်းအနေနဲ့ ကာဂျစ်စတန်အသင်းကို ဒီနေ့ပွဲစဉ်မှာ ခြေအသာ၊ ဂိုးအသာနဲ့ကစားနိုင်ခဲ့သလို ပွဲချိန်တစ်လျောက်လုံး ကွင်းတစ်ဝက်နီးပါ ဖိအားပေးကစားနိုင်ခဲ့တာတွေ့ပါတယ်။
play

ထိုင်းအသင်းနဲ့ သွင်းဂိုးအရေအတွက်ကွာခြားမှုဖိအားရှိနေတဲ့ မြန်မာအမျိုးသမီးအသင်းက ပွဲစတာနဲ့ ကာဂျစ်စတန်အသင်းဘက်ကို ဖိအားပေးကစားခဲ့လို့ ပွဲချိန် ၂၂ မိနစ်မှာ ကာဂျစ်စတန်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိလို့ ပထမပိုင်းမှာ မြန်မာအသင်းက တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာအသင်းကပဲ ကာဂျစ်စတန်အသင်းကို အချိန်ပြည့် ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် ၅၃၊ ၆၈ နဲ့ ၆၃ မိနစ်တွေမှာ ပွဲချိန်တစ်လျောက်လုံး ခြေစွမ်းပြနေတဲ့ ဂျူလိုင်ကျော်က အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာပါ။
play

ဒီနေ့ပွဲ ရလာဒ်ကြောင့် မြန်မာအသင်းအနေနဲ့ ဒီဇင်ဘာလ ၂၄ နေ့ ထိုင်းအသင်းနဲ့ကစားမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို သရေကျလို့ မရတော့ဘဲ အနိုင်ကစားနိုင်မှသာ အာရှဖလား ယူ-၁၉ ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ၂၀၁၇ အာရှယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲရဲ ခြေစစ်ပွဲစဉ်တွေကို မြန်မာနိုင်ငံအပါအ၀င် နိုင်ငံပေါင်းလေးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပြီး အုပ်စုတွင်းပြိုင်ပွဲတွေမှာ နိုင်ပွဲအများဆုံးရတဲ့ အသင်းတစ်သင်းပဲ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမှာပါ။
Photos : MFF  Credit :duwun