Breaking News

နှစ်ပေါင်း(၂၁၀၀)ကျော်ခဲ့ပေမယ့် အသားရေတွေနူးညံ့နေဆဲ ရုပ်အလောင်း

Xin Zhui

ဆေးစိမ်ရုပ်အလောင်းတွေထဲမှာ အကောင်းဆုံး ရုပ်အလောင်းလို့ သမိုင်းပညာရှင်တွေ သက်မှတ်ထားတဲ့ တရုတ်သူကြွယ်
ကတော် Xin Zhui ရဲ့ရုပ်အလောင်းဟာ အခုအချိန်ထိ ကိုင်ကြည့်ရင် အသားရေက ပျော့ပျော့ပြောင်းပြောင်းနဲ့ အိစက်စို
ပြည်နေဆဲ ဖြစ်ပါတယ်။

Xin Zhui ကို Lady of Dai လို့လည်း လူသိများပြီး သူမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 2000 လောက်က ((206BCE – 220AD) ပေါ်ထွန်းခဲ့တဲ့ ဟန်မင်းဆက် အချိန်တွင်းမှာ မွေးဖွားခဲ့ပြီး သူဌေးကြီး Marquis of Dai နဲ့ လက်ဆက်ခဲ့ပါတယ်။ အသက် 50 အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။


အခုအချိန်ထိ သူမရဲ့ သွေးအုပ်စုဟာ A ဖြစ်ကြောင်း စမ်းသပ်လို့ ရနေပါသေးတယ်။ ၎င်းရဲ့ ရုပ်အလောင်းထားရာကို 1971 ခုနှစ်မှာ ဟူနန်ပြည်နယ်မှာရှိတဲ့ Mawangdui တောင်ကုန်းပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အလုပ်သမားတွေ မြေ
အောက် ဥမင်လေ၀င်ပေါက် တူးတဲ့အချိန်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။Xin Zhui

သမိုင်းမှတ်တမ်းအရတော့ Xin Zhui ဟာ အလွန်အစားအသောက် ကြီးသူတစ်ယောက်ဖြစ်ပြီး၊ ခန္ဓာကိုယ်ကလည်း အ
လွန်ဝတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူမမှာ ခါးနာခြင်း၊ ကျောအောင့်ခြင်း၊ သွေးတိုးခြင်း၊ အသက်ရှုလမ်းကြောင်း ပိတ်
စို့ခြင်း၊ အသည်းရောဂါ၊ သည်းခြေရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေ ခံစားခဲ့ရပြီးမှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။Xin Zhui

ဒါကြောင့် နှလုံးရောဂါနဲ့ သေဆုံးသူတွေထဲမှာ သူမဟာ အစောဆုံးဖြစ်တယ်လို့ ဆေးပညာရှင်တွေက ဆိုပါတယ်။ အ
ကြောင်းကတော့ သူမရဲ့ အလောင်းဟာ အခုထက်ထိ စမ်းသပ်နေလို့ ရသေးလို့ ဒီလိုမှတ်ချက်ချနိုင်တာပါ။ သိပ္ပံပညာရှင်
တွေရဲ့ နောက်ထပ်ကောက်ချက်ကတော့ Xin Zhui စားခဲ့တဲ့ နောက်ဆုံးအစားအစာဟာ ဖရဲသီးလို့ ဆိုပါတယ်။

Xin Zhui ရဲ့ ရုပ်အလောင်းကို မြေအောက် 12 မီတာအနက်မှာ မြှုပ်နှံထားပြီး၊ ပိုးထည်အ၀တ်အစား အစုံ 100၊ လက်ဖြစ် ရတနာအထည်ပေါင်း 182 ခု၊ အလောင်းစတင် မြှုပ်နှံစဉ်က သန့်ရှင်းရေးဝန်ထမ်း 162 ယောက်တို့ ရှိခဲ့တယ်လို့ ဆိုပါ
တယ်။ သူမရဲ့ ရုပ်အလောင်းကို ပိုးအကောင်းစား အထည် 20 နဲ့ပတ်ပြီး၊ အဆင့်ဆင့်ထပ်ထားတဲ့ ခေါင်းတလား လေးခုအတွင်းမှာ အက်စ်ဓာတ်ပါတဲ့ဆီတစ်မျိုးနဲ့ စိမ်ထားခဲ့တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။Xin Zhui
၎င်းရုပ်အလောင်းကို 5 တန်အလေးချိန်ရှိ ကျောက်မီးသွေးကျောက်နဲ့ ရွှံစေးကို သမအောင်နယ်ကာ အပြင်ဘက်ကနေ
ဖုန်းဖိသဂြိုဟ်ထားခဲ့တာလို့ သိရပါတယ်။ အီဂျစ်ရုပ်အလောင်းတွေမှာတော့ တာရှည်ခံဖို့အတွက် အတွင်းထဲက ကိုယ်တွင်း ကလီစာတွေကို ထုတ်ပစ်ကြပါတယ်။ ဒါပေမယ့် Xin Zhui ရဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ အကုန်စုံလင်နေပြီး တရုတ်တွေက အီဂျစ်တွေထက် ပိုအဆင့်မြင့်တဲ့ မမ်မီလုပ်နည်းကို ရှေးယခင်ကတည်းက ပိုင်ဆိုင်ခဲ့တဲ့ အထောက်အထားလည်း ဖြစ်ပါတယ်။Xin Zhui

source : thesun.co.uk
Credit:Shwemom