ကလပ်အသင်းများ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဂျပန်ရောက်လာတဲ့ ရီးရဲလ်မက်ဒရစ်

play

ဖီဖာရဲ့ ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ကစားဖို့အတွက် ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂျပန်ကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဘက်က ရော်နယ်ဒိုအပါအဝင် ကစားသမားအင်အားအပြည့်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး ဒဏ်ရာရနေတဲ့ ဂါရက်ဘေးလ်ကလွဲလို့ ကျန်အဓိကကစားသမားအတော်များများ ပါဝင်ခဲ့ပါတယ်။ စပိန်ကနေ ဂျပန်ကို ၁၃ နာရီကြာ လေယာဉ်ခရီးစဉ် စီးနင်းပြီးနောက် တိုကျိုမြို့ကို ရောက်ရှိလာကြတာဖြစ်ပါတယ်။
play

ချန်ပီယံလိဂ်ဖလား ရထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဖီဖာကလပ်အသင်းများကမ္ဘာ့ဖလားပြိုင်ပွဲကို ဆီမီးဖိုင်နယ်အဆင့်ကနေ စတင်ကစားရမှာဖြစ်ပြီး မက္ကဆီကိုကလပ် အမေရိကား အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့အတူ ဂျပန်ကိုလိုက်လာခဲ့တာကြောင်း ယနေ့တနင်္လာနေ့ ပါရီမှာ ပြုလုပ်မယ့် ဘလွန်းဒီအောအခမ်းအနားကို မတက်ရောက်နိုင်တော့ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။
play

ဒါပေမဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆု ရရှိဖို့ သေချာသွားပြီလို့ မီဒီယာတွေက ဖော်ပြနေကြပြီး ဆုနဲ့အတူ ကြိုပြီး ဓာတ်ပုံရိုက်တာတွေ၊ ဗီဒီယိုရိုက်ကူးတာတွေ လုပ်ပြီးသွားပြီလို့ ယုံကြည်ရကြောင်း မီဒီယာတွေက ဖော်ပြကြပါတယ်။
Source : Mirror
Share on Google Plus

About Myanmar Magazine Onilne