Breaking News

မားဂေါ့ရော်ဘီရဲ့ဘေးမှာ ရှိနေချင်တဲ့ ဝယ်လ်စမစ်သ်

play

ဟာလေကွင်းဇာတ်ရုပ်နဲ့ ပရိသတ်ရင်မှာ အမြစ်တွယ်သွားစေခဲ့တဲ့အတွက် မားဂေါ့ရော်ဘီဟာ Gotham City Sirens ဇာတ်လမ်းမှာ ခေါင်းဆောင်အဖြစ်နဲ့ ထပ်မံပါဝင်ခွင့်ရဦးမှာပါ။ Batman ရှိတဲ့ ဂိုသမ်မြို့ထဲက ခပ်ဆိုးဆိုးမိန်းကလေးတွေကို စုစည်းရိုက်ကူးမယ့် ဇာတ်ကားဖြစ်ပါတယ်။ မိန်းကလေးတွေချည်း စုစည်းရိုက်မယ့်ဇာတ်ကားမှာ အရမ်းကိုပါဝင်ချင်နေသူကတော့ Deadshot သရုပ်ဆောင် ဝယ်လ်စမစ်သ်ပါပဲ။
play

MTV နဲ့ အင်တာဗျူးပြုလုပ်ခဲ့စဉ်က " ကျွန်တော် Gotham City Sirens ကားမှာ သိပ်ကိုပါဝင်ချင်တာပေါ့။ ကျွန်တော်က မားဂေါ့ရော်ဘီကိုသဘောကျတယ်လေ။ သူမ (မားဂေါ့)လုပ်ချင်တာမှန်သမျှ ကျွန်တော်သဘောမိမှာပါပဲ" လို့ ဖြေသွားလေရဲ့။ မားဂေါ့ရော်ဘီကလည်း စမစ်သ်နဲ့အတူ Suicide Squad မှာ သရုပ်ဆောင်ခဲ့စဉ်က တော်တော်လေးကို ကောင်းခဲ့ပါတယ်။
Source : MTV  Credit :duwun