နန်းဆုဦး ပြောပြတဲ့ သူမရဲ့ ဖက်ရှင်အကြောင်း



ဖက်ရှင်ပိုင်းနဲ့ပတ်သက်ရင် စတက်လာစကတည်းက ပရိသတ်တွေနှစ်ခြိုက်သဘောကျအားပေးခြင်းခံရသူကတော့ နန်းဆုဦးပါ။ သူမဟာမကြာသေးခင်ကမှ ငွေဆောင်မှာကြော်ငာရိုက်ကူးပြီးပြန်လာသလို ဒီဇင်ဘာ ၁၀ ၊ ၁၁ မှာကျင်းပခဲ့တဲ့ 808 ပွဲ၂ ရက်စလုံးကိုလဲသွားရောက်အားပေးခဲ့ပါသေးတယ်။ ဒါ့အပြင်အချို့သော အနုပညာရှင်တွေ ဗီဒီယိုရိုက်ကူးမှုတွေရပ်တန့်နေပေမဲ့ သူမကတော့ ဗီဒီယိုလေးတွေ ဆက်တိုက်ရိုက်ကူးနေရသလို ကားကြီးအနေနဲ့လဲ လက်ရှိမှာ ၈ကားရိုက်ကူးပြီးဖြစ်ပါတယ်။ ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့လဲ VeVe anniversary မှာလဲသီချင်းတစ်ပုဒ်ပါဝင်သီဆိုထားတာမို့သူမရဲ့ဂီတလှုပ်ရှားမှုများနဲ့လက်ရှိမှာရိုက်ကူးနေတဲ့ ချေဆိုတဲ့ကားလေးအကြောင်းကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက ချေတဲ့။ မင်းသားက ကိုဇေရဲထက်၊ ဒါရိုက်တာက ကိုဂျိုးပါ။ ဒီကားမှာ ညီမကအရမ်းချေတဲ့ကောင်မလေးတစ်ယောက်ရဲ့ကာရိုက်တာကို ပါဝင်သရုပ်ဆောင်ထားပါတယ်။

-အရှေ့မှာငွေဆောင်သွားတာတွေ့တယ်။ အဲ့ဒီအကြောင်းလေးကိုလဲပြောပြပေးပါဦး။

ဟုတ်တယ်။ ကြော်ငြာသွားရိုက်တာပါ။ Ve Ve ရယ်၊ Trend အကျီင်္ရယ်ကြော်ငြာသွားရိုက်တာပါ။ နှစ်ခုစလုံးက ကို X-box နဲ့ပါ။ Trend ကတော့ ကိုဖြိုးလေးနဲ့ဝါဆိုမိုးဦးပါပါတယ်။ အဲ့ဒီမှာနှစ်ရက်ပဲကြာခဲ့ပါတယ်။

-အဲ့ဒီရဲ့အရှေ့မှာရောဘာတွေလုပ်ဖြစ်သေးလဲ။

ဒီမှာကားရိုက်နေတာပဲပေါ့။ အောင်မင်းခန့်နဲ့ပါ။ အဲဒ့ါပြီးတော့ ငွေဆောင်သွားတယ်။ အခုပြန်လာတော့ ဒီကားလေးထပ်ရိုက်ဖြစ်တယ်ပေါ့။

-အခုနောက်ပိုင်းတော်တော်များများက ဗီဒီယိုသိပ်မရိုက်ကြတော့ဘူးပေါ့။ ဒါပေမဲ့နန်းဆုကတော့ရိုက်နေရတုန်းပဲဆိုတော့ ဒီအပေါ်မှာရောဘယ်လိုမြင်မိလဲ။

သိပ်မရိုက်ကြတော့ဘူးလို့တော့လဲ မဟုတ်ပါဘူး။ ရိုက်နေကြတာပါပဲ။ ဒါပေမဲ့အခုနောက်ပိုင်းကတော့ ဘယ်လိုပြောမလဲ။ ရုပ်ရှင်ကားကြီးတွေကိုပိုပြီးတော့ အရိုက်များလာတယ်။ အရင်တုန်းကဆိုရင်တော်ရုံတန်ရုံရုပ်ရှင်ကားကြီးတွေရိုက်ဖို့ဆိုတာမလွယ်ဘူး။ ဒါပေမဲ့အခုကျတော့ ရုပ်ရှင်ကားကြီးတွေပိုပြီးရိုက်လာကြတယ်။

-ကားကြီးအနေနဲ့ရောဒီနှစ်ထဲမှာဘယ်နှကားလောက်ရိုက်ထားလဲ။

ရှစ်ကားလောက်တော့ ရိုက်ထားတယ်။ ထပ်လက်ခံထားတာတွေလဲရှိသေးတယ်။

-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရောဘာတွေလုပ်ဖြစ်သေးလဲ။

သီချင်းပိုင်းကတော့ VeVe anniversary အခွေထဲမှာ တစ်ပုဒ်ဝင်ဆိုထားပါတယ်။ အခုလောလောဆယ်တော့ အဲ့ဒါပဲလုပ်ထားတယ်။ အဲ့ဒီသီချင်းလေးကို နန်းဆုစိုးရိမ်နေတာ ဘာလို့လဲဆိုတော့ အရင်ကလဲ အယ်လ်ဘမ်ထွက်ဖူးတယ်။ ဒါပေမဲ့ကြားမှာ လုံးဝမဆိုဖြစ်တော့ဘူး။ ပြီးတော့အခုဒီ VeVe anniversary အခွေမှပြန်ဆိုဖြစ်တာဆိုတော့ ပရိသတ်တွေအတွက် နန်းဆုသီချင်းလေးကိုလဲသေချာရွေးထားတယ်။ နန်းဆုအသံလေးနဲ့လိုက်တဲ့သီချင်းလေးပေါ့။ သေချာလေးရွေးပြီးသေချာလေး ဆိုထားပါတယ်။ အားပေးကြတဲ့ပရိသတ်တွေကိုလဲ ကျေးဇူးတင်ပါတယ်။

-သီချင်းပိုင်းနဲ့ပတ်သက်ပြီးတော့ရော အခွေထပ်ထုတ်ဖို့စိတ်ကူးရှိသေးလား။

သီချင်းဆိုတာကတော့ ငယ်ငယ်ကတည်းက၀ါသနာပါတာပေါ့။ ဒါပေမဲ့အခုကတော့ ဒီဗီဒီယိုဖက်မှာပဲ အားစိုက်ဖြစ်တယ်ပေါ့။ အခွေထုတ်ဖြစ်ဖို့အစီအစဉ်ရှိရင်တော့ ပရိသတ်တွေကိုပြောပြမှာပါ။

-နိုင်ငံခြားက DJ သမားတွေလာရောက်ဖျော်ဖြေတဲ့ 808 ပွဲကိုလဲသွားရောက်အားပေးတာတွေ့ရတယ်နော်။

ဟုတ်ပါတယ်။ ၂ ရက်စလုံးသွားပါတယ်။ အမြဲတမ်းမသွားဖြစ်ပေမဲ့ ဒီတစ်ခါကတော့ Hardwell နဲ့Yellow claw ပေါ့။ သူတို့တွေလာတယ်ဆိုတော့ သွားအားပေးဖြစ်တယ်။ အရင်ကဆို အဲ့ဒီလိုပွဲတွေကနိုင်ငံခြားမှာပဲလုပ်တာများတယ်ဆိုတော့ သူတို့ကိုကြည့်ချင်ရင်နိုင်ငံခြားထိသွားကြည့်ရတယ်။ အခုကိုယ့်မြန်မာပြည်မှာကလဲ ဒီလိုမျိုး EDM မြူးဆစ်ပွဲတွေလဲ ရှိလာပြီ။ သူတို့တွေကိုယ်တိုင်က ကိုယ်တွေဆီကိုလာပြီး play လုပ်တယ်ဆိုတော့ သွားကြည့်ဖြစ်တာပါ။ ညီမကအဲ့ဒီလိုပွဲတွေကိုကြိုက်တယ်။

-အတွေ့အကြုံတွေကရောဘာတွေရလဲ။

မိုက်တယ်။

-အဲ့ဒီပွဲပြီးသွားတဲ့အခါမှာ လူမှုကွန်ယက်ပေါ်ဝေဖန်မှုတွေလဲတက်လာတော့ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။

နန်းဆုဘာမှတော့မကြားမိပါဘူး။

-ဖက်ရှင်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုးလေ့လာဖြစ်လဲ။


ဖက်ရှင်ကကိုယ်ကိုတိုင်လဲ ၀ါသနာပါတယ်။ အမြဲတမ်းလဲလေ့လာဖြစ်ပါတယ်။ ကိုယ်ကရုပ်ရှင်တွေလဲကြည့်တယ်။ နန်းဆုသီးသန့်ကြီး လိုက်လေ့လာနေတာမျိုးတော့မဟုတ်ဘူး။ ခေတ်စားနေတဲ့ဟာလေးတွေက ဘယ်လိုပုံစံလေးတွေဆိုပြီးမှတ်ထားလေ့ရှိတယ်။

-ဘယ်ဆိုင်တွေမှာအများဆုံးဝယ်ဖြစ်လဲ။

ဒီမှာဆိုရင်တော့ တွေ့တဲ့ဆိုင်တွေမှာ အကုန်ဝယ်တယ်။ ဟိုမှာဆိုရင်တော့ အနီးဆုံးက ဘန်ကောက်ဆိုတော့ ဘန်ကောက်ပဲသွားဝယ်ဖြစ်တာများပါတယ်။

-အနုပညာလောကထဲကို စ၀င်လာကတည်းက ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး အမြဲတမ်းလိုလိုပရိသတ်အားရကျေနပ်ခဲ့တာပဲဆိုတော့ နောက်ပိုင်းမှာရောခေတ်နောက်မကျကျန်ခဲ့အောင်ဘယ်လိုမျိုးလေးဆက်ထိန်းသိမ်းသွားမလဲ။

နန်းဆုကတော့ ကားတစ်ကားရလာရင်ကာရိုက်တာနဲ့အတတ်နိုင်ဆုံးကြိုးစားပြီး နန်းဆုပြင်ဆင်တယ်။ အဲ့ဒီလိုပဲပေါ့။ ဖက်ရှင်ပိုင်းမှာလဲ နန်းဆုကြိုက်တဲ့ဖက်ရှင်၊ကာရိုက်တာနဲ့လိုက်ဖက်တဲ့ဖက်ရှင်ဆိုပြီး အမြဲတမ်း စီစဉ်ပါတယ်။ တစ်ခါတစ်လေကျရင်လဲ ကိုယ်ဒီဖက်ရှင်ကို မကြိုက်ပေမဲ့လဲ ကာရိုက်တာအရ ၀တ်ရတာမျိုးတွေရှိတဲ့အတွက် အမြဲတမ်းလေ့လာဖြစ်နေပါတယ်။

-ရှုတင်မဟုတ်တဲ့ အပြင်မှာဆိုရင်ရော ဘယ်လိုပုံစံလေးတွေဝတ်ဖြစ်လဲ။

လွတ်လပ်တဲ့ဟာမျိုးလေးတွေ၊ ပေါ့ပါးတာလေးတွေ နန်းဆုကြိုက်တယ်။ အခုလက်ရှိကတော့ တစ်နေ့တစ်နေ့နန်းဆုက ရှုတင်တွေနဲ့ပဲဆိုတော့ ကာရိုက်တာအကျီင်္တွေပဲ ၀တ်ဖြစ်တယ်။

-ဘယ်လိုကာလာတွေကိုရောနှစ်သက်လဲ။

နန်းဆုက အကုန်တော့ဝတ်တယ်။ ဒါပေမဲ့အ၀တ်အများဆုံးက အမဲအ၀တ်များတယ်။

-ဖက်ရှင်နဲ့ပတ်သက်ပြီး အားပေးနေတဲ့ပရိသတ်ကြီးကိုရော ဘယ်လိုမျိုးအကြံပေးစကားပြောချင်လဲ။

ဖက်ရှင်ကတော့ အဓိကက ကိုယ့်စတိုင်၊ ကိုယ့်ဖက်ရှင်၊ ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက် အချိုးအစားပုံစံကို သိထားပြီး အဲ့ဒီဟာနဲ့လှတဲ့လိုက်တဲ့ ဖက်ရှင်မျိုးကို ၀တ်နိုင်ရင်ရွေးချယ်နိုင်ရင် အလိုက်ဆုံးအကောင်းဆုံးပေါ့။ အဲ့ဒီလိုမျိုးဖြစ်တယ်လို့နန်းဆုထင်တယ်။

-ဆက်လုပ်သွားမဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးပရိသတ်ကို ဘယ်လိုမျိုးလေးပြောပြချင်သေးလဲ။

နန်းဆုအခု ဗီဒီယိုတွေလဲရိုက်နေပါတယ်။ သီချင်းတွေလဲအယ်လ်ဘမ်မလုပ်နိုင်သေးပေမဲ့ တစ်ပုဒ်တစ်ပုဒ်ဆန်းပြီးလုပ်ထားပါတယ်။ အမြဲတမ်းလဲကြိုးစားသွားမှာပါ။ နန်းဆုကိုလဲချစ်ပါ။ အားပေးပါလို့ပြောချင်ပါတယ်။

Credit :Trend Myanmar



Share on Google Plus

About Myanmar Magazine

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.