Breaking News

အနှိပ်သည်ကို တင်ပါးကိုက်ခိုင်းတဲ့ အနုပညာရှင်တွေ

play

ဒေါ်ရသီစတိန်းဆိုတဲ့ အနှိပ်ကျွမ်းကျင် အမျိုးသမီးဟာ သူမ နှစ်ပေါင်း ၃၀ လုံးလုံး အသုံးပြုလာခဲ့တဲ့ ထူးခြားဆန်းကြယ်လှတဲ့ နည်းလမ်းကို အသုံးပြုပေးရတဲ့ဖောက်သည်တွေထဲမှာ ကာညေးဝက်စ်၊ အိုအေစစ်နဲ့ ဂွင်းစတက်ဖနီအပါအဝင် နာမည်ကြီးတွေများစွာပါဝင်ကြောင်း ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ရသီဟာ ဖောက်သည်တွေရဲ့တင်ပါးကို ကိုက်ပေးခြင်းအပါအဝင် သူမရဲ့ ထူးခြားလှတဲ့ နည်းစနစ်တွေကြောင့် နာမည်ကြီးသူဖြစ်ပါတယ်။
ပုံထဲမှာပြထားသလိုပဲ သူမဟာ အိပ်ရာပေါ်မှာ လှဲနေတဲ့ လူတွေရဲ့ကျောပြင်နဲ့ တင်ပါးတွေကို ကိုက်ပေးရတာဖြစ်ပါတယ်။
သူမဟာ ဂီတပညာရှင် ဖရန့်ခ်ဇက်ပါရဲ့ ပွဲအတွက် လက်မှတ်ရပြီး အကြိုက်ဆုံး ရော့ခ်စတားတွေနဲ့ စတိတ်စင်နောက်မှာတွေ့ရဖို့ ဖရန့်ခ်ကိုနှိပ်ပေးရင်း စတင်အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
play

အဲဒီနောက် သူမဟာ တစ်ခါမှမနှိပ်ဖူးသေးဘဲ ရောက်လာခဲ့တဲ့ ကာညေးဝက်စ်၊ ဒေးဗစ်ဘောင်ဘီ၊ ရိန်နာ၊ ဂွင်းစတက်ဖနီ၊ အီမီနမ်နဲ့ အိုအေစစ်အပါအဝင် နာမည်ကျော်တွေကို နှိပ်နယ်ကာ တင်ပါးတွေကို ကိုက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဖောက်သည်ဆယ်လီတွေကြောင့် ရှိုးပွဲပေါင်း ၃,၀၀၀ ကျော် အလကားကြည့်ခဲ့ရပြီးပြီလို့ သူမက ပြောပြပါတယ်။
အစပိုင်းမှာတော့ နာမည်ရဖို့အတွက် အလကားနှိပ်နယ်မှုတွေ ပေးခဲ့ပေမဲ့ အခု တစ်ခါနှိပ်ရင် ဒေါ်လာ ၁၅၀ ခန့်ယူကာ ကိုက်ပေးရတဲ့အတွက်တော့ နောက်ထပ်ငွေမကောက်ခံဘူးလို့ ဆိုပါတယ်။
Source & Photos : Mirror  

Credit :duwun