Breaking News

တင်ပါးတွေအပြိုင်လှုပ်ခါကခဲ့ကြတဲ့ မက်ဒေါနားနဲ့ အေရီယာနာဂရန်ဒီ

play

အသက် ၅၈ နှစ်အရွယ် မက်ဒေါနားနဲ့ အသက် ၂၃ နှစ်အရွယ် အေရီယာနာဂရန်ဒီတို့ဟာ ဒီဇင်ဘာလ ၂ ရက်နေ့ညမှာ နောက်ခံတီးလုံးသံနဲ့အတူ စည်းချက်ညီညီ ကခုန်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးရဲ့ တက်ကြွတဲ့ ကကွက်တွေကြောင့် ပရိသတ်ကြီး ကျေနပ်အားရနေကြတာကို တွေ့ရပါတယ်။
play

နှစ်ယောက်စလုံးက ရှက်ရွံ့နေခြင်းမရှိဘဲ အားရပါးရလှုပ်ခါကခဲ့ကြတဲ့အပြင် မက်ဒေါနားက အေရီယာနာရဲ့အပေါ်အင်္ကျီကို ချွတ်ပေးကာ ကိုင်ထားပေးတာကို မြင်တွေ့ရတာဟာ သူမရဲ့ မာန်မာနမရှိမှုကို ဖော်ပြနေတဲ့အတွက် တကယ့်ကို သဘောကျစရာပါ။
play

မက်ဒေါနားဟာ အဝါရောင်နဲ့ အနက်ရောင် အမျှင်စလေးတွေနဲ့ ချုပ်ထားတဲ့ အင်္ကျီလေးနဲ့ ငယ်ရွယ်နုပျိုလှပနေခဲ့ပါတယ်။
အဲဒီပွဲက ရရှိတဲ့ ငွေတွေကို မက်ဒေါနားရဲ့ ရန်ပုံငွေအဖွဲ့ Raising Malawi ကို ပေးအပ်မှာဖြစ်ပါတယ်။ ယင်းအဖွဲ့က အရှေ့တောင်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မာလာဝီနိုင်ငံအတွက် ကလေးငယ်များ ခွဲစိတ်ကုသခြင်းနဲ့ ပြုစုစောင့်ရှောက်ခြင်းတို့အတွက် အထောက်အကူပေးနေတာ ဖြစ်ပါတယ်။
Source & Photos : Hollywood  

Credit :duwun