လမ်းခွဲပြီးစ ရည်းစားဟောင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံနည်း (၄) နည်း

play

၁ - သူငယ်ချင်းလို ဆက်ရှိနေမယ်လို့ ကတိမပေးပါနဲ့
ခွဲပြီဆိုပေမဲ့ သဘောကျစရာ အချက်အချို့ကြောင့် တွဲခဲ့ကြတာပါ။ သူငယ်ချင်းလို ဆက်ရှိနေမယ်ဆိုတာ ရေရှည်အတွက် ကောင်းပါတယ်။ ဒါပေမဲ့ လမ်းခွဲစကားပြောတဲ့အချိန်၊ လမ်းခွဲခါစ အချိန်တွေမှာ သူငယ်ချင်းဆက်ဆံရေးမျိုး ဆက်ရှိနေမယ်လို့ မပြောပါနဲ့။
၂ - ဖေ့စ်ဘွတ်ခ်ကို သတိထားပါ
play

သူနဲ့ပြတ်ပြီး တစ်လ နှစ်လလောက်မှာ နောက်တစ်ယောက်နဲ့တွဲနေလည်း ဖေ့စ်ဘွတ်ခ်ကို တင်တာမျိုး မလုပ်သင့်ပါဘူး။ စာတွေ ဘာတွေလည်း မရေးသင့်ပါဘူး။ ကိုယ်နောက်တစ်ယောက်နဲ့ တွဲနေပြီဆိုတာကို လျှို့ဝှက်ခိုင်းတာ မဟုတ်ပါဘူး။ ဖေ့စ်ဘွတ်ခ်မှာပဲ မတင်ရုံ၊မရေးရုံပါ။
၃ - သံသယကို ထုတ်မပြောပါနဲ့
play

သူနဲ့ပြတ်ပြီးမှ လွမ်းနေတာ၊ လမ်းခွဲတာ မှားပြီလားလို့ တွေးမိနေတာတွေကို သူ့ကို သွားမပြောပါနဲ့။ ပြန်ဆက်ချင်တယ်ဆို ကိုယ့်ဘာကိုယ်ပဲ အချိန်ယူပြီး သေချာစဉ်းစားပါ။ သူနဲ့ကိုယ်နဲ့ နှစ်ယောက်စလုံးခင်တဲ့ သူငယ်ချင်းတွေကိုလည်း မပြောပါနဲ့။
၎ - အတင်းစကားတွေကို ရှောင်
play

လမ်းခွဲလိုက်ရတဲ့ အတွေ့အကြုံကို သင်ရင်ဖွင့်ချင်မှာပါပဲ။ ဒါပေမဲ့ တကယ်အရင်းကြီးဆိုတဲ့ သူငယ်ချင်းတွေကိုပဲ ပြောပါ။ သူနဲ့ကိုယ်နဲ့ နှစ်ယောက်ပဲ သိတဲ့အကြောင်းတွေဟာ လမ်းခွဲပြီးမှ အတင်းစကားတွေအဖြစ် အသိုင်းအဝိုင်းထဲ မပြန့်နှံ့ပါစေနဲ့။
Photo & Source: wikiHow  Credit :duwun
Share on Google Plus

About Myanmar Magazine Onilne

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.