Breaking News

၂၀၁၇ မှာ အဆက်အသွယ်ဖြတ်သင့်တဲ့ လူ ၅ ယောက်



၁။ သာပေါင်း ညာစား လူမျိုး
မိမိအပေါင်းအသင်းထဲမှာ မိမိကို တကယ်ခင်လို့ မဟုတ်ဘဲ သာလို့ ပေါင်းနေပြီး ညာစားနေတဲ့ မိတ်ဆွေ သူငယ်ချင်းမျိုးကို ၂၀၁၇ ထိ ခေါ်မသွားဘဲ ထားခဲ့လိုက်ပါတော့။ သူတို့တွေ မပါလားလည်း သင့်ဘဝကို မထိခိုက်နိုင်ပါ။

၂။ မနာလို အကောက်ကြံချင်နေတဲ့ သူငယ်ချင်း
မိမိသူငယ်ချင်းတွေ ထဲမှာ မိမိအောင်မြင်မှာကို ကြောက် မိမိ အဆင်ပြေမှာကို စိုးရိမ်ပြီး မနာလို အကောက်ကြံချင်နေတဲ့ သူငယ်ချင်းတွေ ရှိရင်တော့ လက်တွဲသာ ရဲရဲကြီး ဖြုတ်ထားလိုက်ပါတော့။ အမှောင်တွေ ဖုံးနေရင် အလင်းကို မမြင်ရပါဘူး။

၃။ မိမိကို အထင်သေးလွန်းတဲ့ မိတ်ဆွေတွေ
မိမိကို အမြဲတန်း အထင်သေးပြီး နှိမ်ချ ဆက်ဆံကာ လူရာမသွင်းတဲ့ မိတ်ဆွေ အပေါင်းတွေကို အောက်ကျို့ ဆက်ဆံနေဖို့ မလိုတော့ပါဘူး။ ထားခဲ့လိုက်ပါ။ သူတို့ထက် သာတဲ့ တစ်နေ့မှ ပြန်ဆုံကြတာပေါ့။

၎။ သစ္စာမရှိတဲ့ ချစ်သူ
မိမိက သေလောက်အောင် ချစ်နေပါသော်လည်း မိမိကို ပြန်မချစ်တဲ့ အပြင် အချစ်ကို စော်ကား သစ္စာမရှိတဲ့ ချစ်သူကို ၂၀၁၇ ထိ ခေါ်သွားခဲ့ရင် ပိုဆိုးပါလိမ့်မယ်။ ဒါကြောင့် လက်တွဲဖြူတ်စေလိုပါတယ်။

၅။ အဆင်မပြေလွန်းလှတဲ့ လုပ်ဖော် ကိုင်ဖက်
၂၀၁၆ တစ်နှစ်လုံး တွဲလုပ်ပြီးပြီး သည်းခံပြီး ပေါင်းတယ် အဆင်မပြေဘူး အောက်ကျို့တယ် အဆင်မပြေဘူး အလိုလိုက်တယ် စော်ကားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ စွန့်လွှတ်လိုက်သင့်ပါတယ်။ ၂၀၁၇ မှာ မိမိနဲ့ စိတ်တူ ကိုယ်တူ လုပ်ဖော် ကိုင်ဖက်လေးတွေနဲ့ အသစ်
တဖန် ပြန်တွဲ လုပ်ကြည့်သင့်ပါတယ်။

ကျော်လင်းနိုင် (ပစ်တိုင်းထောင်)