Breaking News

ချမ်းစိမ့်စိမ့်ဒီရာသီနဲ့ အလိုက်ဖက်ဆုံး အရွေးချယ်သင့်ဆုံး အရောင်ဟာ ဘာများလဲ



ဒီဇင်ဘာလောက်ကစပြီး ရာသီဥတုက ချမ်းစိမ့်စိမ့်လေးနဲ့ နေချင့်စဖွယ်လေး ဖြစ်လာပါပြီ။ ဒီရာသီနဲ့ လိုက်ဖက်တဲ့ အ၀တ်အစားတွေ ရွေးချယ်ဆင်မြန်းတတ်ကြတဲ့သူတွေဟာ အရောင်ဆိုရင်တော့ များသောအားဖြင့် အနက်၊ မီးခိုး၊ နက်ပြာ စတဲ့ အရောင်တွေကိုသာ အရွေးများတာ တွေ့ရပါတယ်။ ဘာ့ကြောင့်များ ကိုယ်ဝတ်နေကျ အရောင်တွေထဲက ခွဲထွက်ပြီး အသစ်တစ်ခုကို စမ်းမ၀တ်ကြည့်ချင်ကြပါလိမ့်။

တကယ်တော့ ကိုယ်ဝတ်ဆင်လိုက်တဲ့ အကျီအ၀တ်အစားအရောင်ဟာ ကိုယ့်ရဲ့တစ်နေ့တာလုံး စိတ်တွေလန်းဆန်းနေအောင် ဒါမှမဟုတ် ထိုင်းမှိုင်းနေအောင် ပြောင်းလဲပစ်နိုင်ပါတယ်။ လေ့လာချက်အရဆိုရင် ကိုယ်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အရာဟာ တစ်ခါတစ်လေ စိတ်ပိုင်းဆိုင်ရာတင်မကပဲ ရုပ်ပိုင်းဆိုင်ရာအထိပါ အကျိုးသက်ရောက်တာမျိုးတွေထိတောင် ရှိတတ်တာပါ။

ဒီတော့ ခုလိုချမ်းအေးတဲ့ ရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်ပြီး သင့်စိတ်အခြေအနေကို ပြောင်းလဲသွားစေမယ့် အရောင်လေးတစ်ရောင် ပြောပြပေးပါမယ်။ အဲ့ဒါကတော့ ခရမ်းရောင်ပါပဲ။ ခရမ်းရောင်ဟာဆိုရင် သင့်ကို ဖန်တီးမှုစွမ်းရည် ပိုမိုမြင့်မားအောင် လှုံ့ဆော်ပေးနိုင်တဲ့အစွမ်းသတ္တိတွေရှိနေပြီး သင့်စိတ်ကို တည်ငြိမ်စေတဲ့အပြင် ပျင်းရိစိတ်ပျက်တာမျိုးတွေ မခံစားရတော့ပဲ လန်းဆန်းတက်ကြွနေအောင်ည်း ကူညီပေးနိုင်ပါတယ်။ အေးတဲ့ရာသီမှာဆို အများစုက အလုပ်တွေပြီးပြတ် အောင်မလုပ်နိုင်တာ၊ အလုပ်ခွင်မှာ အာရုံမလာတာတွေ ဖြစ်နေတတ်ပါတယ်။ ဒါဟာ သူတို့ရွေးချယ်တဲ့ အ၀တ်အစားအရောင်တွေနဲ့တော့ သက်ဆိုင်မှုတွေ ရှိနေတာပါပဲ။

ဒီတော့ စိတ်ကို ထိုင်းမှိုင်းစေမယ့် အရောင်တွေကို ခဏတာစွန့်ခွာပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေကာ စိတ်တည်ငြိမ်လန်းဆန်းနေစေမယ့် ခရမ်းရောင်ပါတဲ့ အ၀တ်အစားတွေကို ခုပဲရွေးချယ်ဝတ်ဆင်လိုက်ပါတော့။

Credit :Trend Myanmar