Breaking News

ဆံကေသာအမျိုးအစားအလိုက်ရွေးချယ်စရာခေါင်း လျှော်ရည်များ


play

ဒီနေ့ခေတ်မှာ ခေါင်းလျှော်ရည်အမျိုးအစား၊ အရောင်တွေကများလွန်းတော့ ကိုယ့်ဆံသားလေးတွေနဲ့ ဘယ်အမျိုးအစားက ကိုက်ညီမယ်မှန်းမသိလို့ စဉ်းစားရတာလည်းပျိုမေလေးတွေအတွက် စိတ်ရှုပ်စရာတစ်ခုပါပဲ။ ခေါင်းလျှော်ရည်တွေ တစ်မျိုးပြီးတစ်မျိုးပြောင်းသုံးရင်း ကိုယ့်ဆံသားလေးတွေနဲ့အဆင်ပြေတာမတွေ့ဘဲ ကိုယ့်ဆံပင်ကကိုယ့်စိတ်တိုင်းကျ မဖြစ်တဲ့အခါ ပိုလို့တောင်စိတ်ရှုပ်ရပါသေးတယ်။
အခုတော့အဲဒီလိုစိတ်ရှုပ်ရတာတွေကို မေ့ပစ်လိုက်လို့ရပါပြီ။ ဟုတ်ပါတယ်။ ပျိုမေတို့ရဲ့ဆံကေသာအမျိုးအစားအလိုက် ကိုက်ညီမယ့် ခေါင်းလျှော်ရည် ၄ မျိုးကို အရောင် ၄ မျိုးနဲ့ Sunsilk ကထုတ်လုပ်ထားတာကြောင့် ကိုယ့်ဆံသားနဲ့ ကိုက်ညီမယ့် အရောင်ကို ရွေးချယ်ပြီးလျှော်လိုက်ရုံနဲ့ ဆံကေသာနဲ့ပတ်သက်လို့ ဘာမှစိတ်ရှုပ်နေစရာမလိုတော့ပါဘူး။ ဆံကေသာအမျိုးအစားအလိုက် ရွေးချယ်ရမယ့် Sunsilk ခေါင်းလျှော်ရည်အရောင်တွေကတော့ -
(၁) အမြဲတမ်းရှုပ်ပွနေတတ်ပြီး ပုံသွင်းရခက်တဲ့ဆံသားပိုင်ရှင်လေးတွေအတွက် Sunsilk ပန်းရောင်
play

Sunsilk ပန်းရောင်ဟာဆိုရင် ရာသီဥတုဒဏ်၊ပတ်ဝန်းကျင်ဒဏ်တွေကြောင့် ကျိုးကြေတာ၊ ပုံပျက်တာ၊ ခြောက်သွေ့ရှုပ်ပွပြီး ပုံပျက်သွားတတ်တာတွေမဖြစ်အောင် အလွှာတစ်ခုအနေနဲ့ဖုံးအုပ်ပေးနိုင်တဲ့ Flexishield နည်းပညာနဲ့ထုတ်လုပ်ထားတာ ပါ။ ဒါ့အပြင် အုန်းဆီ၊ သံလွင်ဆီ၊ ဗန်ဒါဆီ၊ ကာမန်လီယာပန်းအဆီ၊ Argan တို့လိုအစွမ်းထက်သဘာဝပစ္စည်းတွေ ပါဝင်တာကြောင့် ဆံကေသာကိုကျန်းမာသန်စွမ်း၊ ချောမွေ့နူးညံ့တောက်ပစေနိုင်ပါတယ်။ ဒါကြောင့် အမြဲတမ်းရှုပ်ပွပြီး ပုံသွင်းရခက်တဲ့ဆံသားပိုင်ရှင်ကောင်မလေးတွေအနေနဲ့ Sunsilk ပန်းရောင်နဲ့လျှော်လိုက်ရုံနဲ့ လှုပ်ရှားမှုတိုင်းမှာ ယိမ်းနွဲ့သက်ဝင်နေတဲ့ ဆံကေသာအလှကို ရရှိနိုင်မှာပါ။
(၂) ခြောက်သွေ့ကြမ်းတမ်းတဲ့ဆံကေသာပိုင်ရှင်လေးတွေအတွက် Sunsilk အဝါရောင်
play

နေရောင်ခြည်ဒဏ်ကြောင့်ပဲဖြစ်ဖြစ်၊ ဖုန်မှုန့်နဲ့အခြားပတ်ဝန်းကျင်ဒဏ်တွေကြောင့်ပဲဖြစ်ဖြစ်အလွယ်တကူ ခြောက်သွေ့ကြမ်းတမ်းသွားတတ်တဲ့ ဆံကေသာပိုင်ရှင်ပျိုမေလေးတွေအတွက်တော့ Sunsilk အဝါရောင်က အကောင်းဆုံး အဖြေပါပဲ။ Sunsilk အဝါရောင်ရဲ့ Moisture Lock နည်းပညာက ဆံသားကို အစိုဓာတ်ဖြည့်ဆည်းပေးပြီး အလွှာတစ်ခုအနေနဲ့လည်းကာကွယ်ပေးပါတယ်။ conditioner ၊ သံလွင်ဆီ၊ ကာမန်လီယာပန်းအဆီ၊ ဗန်ဒါဆီ၊ အုန်းဆီ၊ Argan တို့က ဆံကေသာကို ကျန်းမာသန်စွမ်းအောင် အာဟာရပြန်လည်ဖြည့်ဆည်းပေးတာကြောင့် ပျော့ပျောင်းနူးညံ့မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့်ထိတွေ့လိုက်တိုင်း ပျော့ပြောင်းနူးညံ့တဲ့ဆံကေသာပိုင်ရှင်လေးဖြစ်ဖို့ Sunsilk အဝါရောင်ကို ရွေးချယ်လိုက်ရုံပါပဲ။
(၃) မွဲခြောက်ပြီးအရောင်တောက်ပမှုမရှိတဲ့ ဆံကေသာပိုင်ရှင်လေးတွေအတွက် Sunsilk အနက်ရောင်
play

ပိတုန်းရောင်ဆံကေသာလေးကိုပိုင်ဆိုင်ဖို့ ပျိုမေတိုင်းတောင့်တမိကြမှာပါ။ ဒါကြောင့် ကိုယ့်ဆံကေသာလေးက အရောင်မွဲခြောက်ခြောက်နဲ့ မတောက်ပတဲ့အခါ စိတ်ပျက်မိမှာအမှန်ပါပဲ။ ဒီအတွက်ဆိုရင် ဆံကေသာကို အဆီတွေနဲ့ အညစ်အကြေးတွေကနေ အလွှာတစ်ထပ်အနေနဲ့ကာကွယ်ပေးနိုင်တဲ့ Diamond Shine နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Sunsilk အနက်ရောင်က အသင့်လျော်ဆုံးပါပဲ။ Sunsilk အနက်ရောင်နဲ့မှာ ပါဝင်တဲ့ ထောလပတ်ရွက်လို အစွမ်းထက်တဲ့ ဖော်မြူလာက မွဲခြောက်နေတဲ့ ဆံကေသာကိုနက်မှောင်စေပြီး နောက်ဆုံးပေါ် Diamond Shine နည်းပညာက ဆံသားကို တောက်ပလာစေပါတယ်။
(၄) ဖြောင့်စင်းလှပတဲ့ဆံကေသာကို ပိုင်ဆိုင်လိုသူတွေအတွက် Sunsilk ခရမ်းရောင်
play

မိန်းကလေးတိုင်း ဖြောင့်စင်းလှပနေတဲ့ ဆံကေသာကို လိုလားတောင့်တကြပါတယ်။Sunsilk ခရမ်းရောင်မှာနောက်ဆုံးပေါ်Straight Lock နည်းပညာပါဝင်လို့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ ဆံသားကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ Sunsilk ခရမ်းရောင်ဟာဆိုSilk Protein ပါဝင်တာကြောင့် စက်တွေ၊ ဆေးတွေသုံးပြီးဖြောင့်ထားလို့ ဓာတုပစ္စည်းတွေထိထားတဲ့ဆံသားကို အားပြန်ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆံကေသာကို ဖြောင့်စင်းလှပရုံတင်မက သက်ဝင်လှုပ်ရှားတဲ့ ဆံကေသာအလှလေးကို ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆံကေသာအမျိုးအစားအလိုက် မိမိနှစ်သက်ရာအကျိုးကျေးဇူးကို ပေးစွမ်းနိုင်မယ့် အရောင်ကို ရွေးချယ်အသုံးပြုပြီး ဆံကေသာအလှကြောင့်ပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ခွင့်ရမှာ သေချာနေပြီပေါ့။
Credit :duwun